ကြီးမားလာနေသော တရုတ်ရေတပ်က အင်အားချဲ့ထွင်ရန် အသင့်ဖြစ်နေ

ကြီးမားလာနေသော တရုတ်ရေတပ်က အင်အားချဲ့ထွင်ရန် အသင့်ဖြစ်နေ

တန်ချိန် ၁၇၀,ဝဝဝ ခန့်ရှိ သင်္ဘောသစ်များကို တပ်တော်ဝင်ခဲ့သည့် ၂၀၂၁ ခုနှစ်သည် တရုတ်ရေတပ် (PLAN) အတွက် ထူးခြားသော နှစ်ဖြစ်ခဲ့သည်။

အဆိုပါ သင်္ဘောများ နှစ်စဉ်တပ်တော်ဝင်နိုင်ခြင်းနှင့်အတူ PLAN သည် ကမ္ဘာပေါ်တွင် ခေတ်အမီ ဆုံးနှင့် စွမ်းရည်အရှိဆုံးရေတပ်များထဲမှတစ်ခုဖြစ်လာပြီး အခြားအာရှရေတပ်များက ယှဉ်ပြိုင်စွမ်းမရှိတော့ပေ။

၂၀၂၁ခုနှစ် တပ်တော်ဝင်မှုတွင် Type 094A ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော (SSBN) တစ်စင်း၊ Type 075 ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် သင်္ဘော၂ စင်း (LHD)၊ Type 055 ခရူဇာသင်္ဘော ၃ စင်း၊ Type 052D ဖျက်သင်္ဘော ၇ စင်း၊ Type 056A အပေါ့စားတိုက်သင်္ဘော ၆ စင်း၊ Type 082II မိုင်း တန်ပြန်တိုင်းတာရေး သင်္ဘော ၆ စင်း၊ ရေအောက်ကေဘယ်လ်ကြိုးချ သင်္ဘော ၁ စင်းနှင့် Type 927 ကင်းထောက်သင်္ဘော ၃ စင်းတို့ ပါဝင်သည်။

PLAN တွင် ခေတ်မီသင်္ဘောများ၏ အရေအတွက်နှင့် အမျိုးအစားစုံလင်မှုက ရန်လိုသော ကွန်မြူနစ်ပါတီ၏ အမျိုးသားရေးဝါဒဖြင့် အားကောင်းလာကာ ယုံကြည်မှု တိုးပွားလာနေပါသည်။

တရုတ်က ကမ်းရိုးတန်းအနီးရှိ ရေပြင်များကို စိုးမိုးရန်သာမက First Island Chain ဟုခေါ်သည် ကျွန်းတန်းများ အပြင်အထိ စိုးမိုးလိုပြီး အဝေးက သမုဒ္ဒရာများတွင်ပါ သြဇာလွှမ်းမိုးရေး ကြိုးပမ်းနေသည်။

အမှန်တကယ်တွင် ၂၀၂၂ခုနှစ်သည် ဂျီဘူဒီရှိ PLA အခြေစိုက်စခန်းမှ ပံ့ပိုးမှုဖြင့် အေဒင်ပင်လယ်ကွေ့တွင် တရုတ် ရေတပ်များ စဉ်ဆက်မပြတ်တည်ရှိမှု ၁၄နှစ်မြောက် အထိမ်းအမှတ်နှစ်ဖြစ်သည်။

အထက်ဖော်ပြပါ သင်္ဘောများစာရင်းတွင် ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့သော အကြီးဆုံးသင်္ဘောမှာ Type 075 LHD ဖြစ်ပြီး ယင်း၏ ကုန်းပတ်ပြားကြောင့် လေယာဉ်တင်သင်္ဘောနှင့် ဆင်တူသည့်အပြင် ကမ်းတက်တပ်သား ၁၀ဝဝ နှင့် ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်များကိုလည်း သယ်ဆောင်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly