လွတ်လပ်မှုသည် ရာဇဝတ်မှုမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

လွတ်လပ်မှုသည် ရာဇဝတ်မှုမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

တရုတ်နိုင်ငံ၏ စစ်ရေးနှင့် သံတမန်ရေးရာ ဖိအားများ အဆက်မပြတ် တိုးလာနေချိန်တွင် ထိုင်ဝမ်ကျွန်းသည် ယင်း၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ဇန်နဝါရီ ၁ရက်တွင် အလေးပေးဖော်ပြခဲ့သည်။

၎င်း၏ နှစ်သစ်ကူးနေ့ မိန့်ခွန်းတွင် “ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ကျင့်သုံးခြင်းက ရာဇဝတ်မှု မဟုတ်ပါဘူး။ ဟောင်ကောင်ကို ထောက်ခံတဲ့ ထိုင်ဝမ်ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှာမဟုတ်သလို ကျွန်မတို့ရဲ့ စိုးရိမ်မှုကို ဖော်ပြခြင်းအပြင် ကျွန်မတို့ခက်ခက်ခဲခဲရရှိထားတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ပိုပြီး တန်ဖိုးထားရပါလိမ့်မယ်” ဟု သမ္မတစိုင်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်ကို ပိုကောင်းအောင် လုပ်ပြီး ဒီမိုကရေစီနည်းကျ ထိုင်ဝမ်က အာဏာရှင် တရုတ်ရဲ့အရိပ်ကနေ ရုန်းထွက်ဖို့ သတ္တိရှိတယ်ဆိုတာ ကမ္ဘာကို ချပြရပါမယ်၊ ဖိအားတွေကို အလျော့ပေးမှာ မဟုတ်ပါဘူး” ဟု စိုင် က ပြောကြားခဲ့သည်။

တရုတ်၏ စစ်ရေးနှင့် သံတမန်ရေးရာ ဖိအားများ အဆက်မပြတ် တိုးလာလာချိန်တွင် ထိုင်ဝမ်သမ္မတက လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် ကမ္ဘာနှင့် ချိတ်ဆက်ရန် အများသဘောတူညီချက်ကို ထိန်းသိမ်းရာတွင် ရင်ဆိုင်နေရသည်များကို မှတ်ချက်ပြုပြောကြားခဲ့သည်။

ထိုင်ဝမ်အာဏာပိုင်များ၏ ပြောကြားထားသည်ထက် ပိုမိုများပြားသည့် တိုက်လေယာဉ် ၉၄၀ ကျော်ကို ပုံမှန်လေ့ကျင့်မှုများအတွက် စေလွှတ်ခဲ့ကြောင်း တရုတ်က ရန်လိုသောလေသံဖြင့် ဒီဇင်ဘာ ၃၀ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly