ဖိလစ်ပိုင်က တောင်ကိုရီးယားမှ စစ်သင်္ဘောအသစ်၂ စင်းကို ဒေါ်လာ ၅၅၆ သန်းဖြင့် ဝယ်ယူမည်

ဖိလစ်ပိုင်က တောင်ကိုရီးယားမှ စစ်သင်္ဘောအသစ်၂ စင်းကို ဒေါ်လာ ၅၅၆ သန်းဖြင့် ဝယ်ယူမည်

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် အငြင်းပွားနေချိန်တွင် ဖိလစ်ပိုင်ရေတပ်အား ခေတ်မီအောင် ပြုလုပ်ပေးသည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ Hyundai Heavy Industries ကုမ္ပဏီမှ စစ်သင်္ဘော အသစ်၂ စင်းကို ဖိလစ်ပိုင်က မှာယူလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ဒူတာတေးမတိုင်မီ ယခင် သမ္မတဟောင်း အကွီနိုလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်၏ ခေတ်မီရေး အစီအစဉ်ကို အနည်းငယ်လုပ်ဆောင်ခဲ့သော်လည်း ဖိလစ်ပိုင်ရေတပ်သည် မကြာသေးမီဆယ်စုနှစ်များအတွင်း အင်အား လျော့ကျသွားခဲ့သည်။

လွန်ခဲ့သည့် ၅ နှစ်က ဖိလစ်ပိုင်ရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘော ၂စင်းကို တည်ဆောက်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ရက်တွင် တောင်ကိုရီးယားသင်္ဘောတည်ဆောက်ရေးကုမ္ပဏီကြီးနှင့် ဒေါ်လာ ၅၅၆ သန်းတန် သဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အပေါ့စားတိုက်သင်္ဘော(Corvettes ) နှင့် ဖရီးဂိတ်သင်္ဘောများသည် သေးငယ်လျင်မြန် သော စစ်သင်္ဘောများ ဖြစ်ပြီး အခြားသင်္ဘောများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အဓိကအားဖြင့် အသုံးပြုသည်။

“ဒီစီမံကိန်းက ဖိလစ်ပိုင်ရေတပ်ကို သင်္ဘောတိုက်ဖျက်ရေး၊ ရေငုပ် သင်္ဘောတိုက်ဖျက်ရေးနဲ့ ဝေဟင်ပစ်ဒုံးကျည် တွေရဲ့ အန္တရယ်ကို ကာကွယ်နိုင်တဲ့ ခေတ်မီအပေါ့စားတိုက်သင်္ဘော ၂ စင်းကို ပေးအပ်သွားမှာပါ” ဟု မနီလာမြို့တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာက က ပြောကြားခဲ့သည်။

တရုတ်နှင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် စစ်အင်အားကောင်းစေရန် ကြိုးပမ်း သည့် အနေဖြင့် ဖိလစ်ပိုင်အစိုးရသည် အမေရိကန် ကမ်းထိုးရေယာဉ်ဟောင်း ၂ စင်းနှင့် ကမ်းတက်ရေယာဉ်ဟောင်း ၃ စင်းကို သြစတြေးလျထံမှ ဝယ်ယူခဲ့သည့်အပြင် ဂျပန်မှ ကမ်းခြေစောင့်တပ်သင်္ဘောများကို ဝယ်ယူခဲ့သည်။

နှစ်စဉ် ကုန်သွယ်မှုဒေါ်လာ ထရီလီယံပေါင်းများစွာ ဖြတ်သန်းနေသည့် ရေကြောင်းလမ်းအားလုံးနီးပါးကို တရုတ်က ပိုင်ဆိုင်ကြောင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့နှင့် အပြိုင် တောင်းဆိုနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required