တရုတ်နိုင်ငံ၌ ကိုဗစ်လုံးဝကင်းစင်ရေးအတွက် အသွားအလာကန့်သတ်မှုကို အရှိန်မြှင့်

တရုတ်နိုင်ငံ၌ ကိုဗစ်လုံးဝကင်းစင်ရေးအတွက် အသွားအလာကန့်သတ်မှုကို အရှိန်မြှင့်

တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုပေါင်း ၁၆၂ ဦးတွေ့ရှိပြီးနောက် ကိုဗစ်လုံးဝကင်းစင်ရေးအတွက် အသွားအလာ ကန့်သတ်မှုများကို အရှိန်မြင့်လျက်ရှိသည်။

နိုင်ငံ၏ ၂၁ လအတွင်း အဆိုးရွားဆုံးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ရှီယန်းမြို့အား ကန့်သတ်မှုအတင်းကျပ်ဆုံးအဆင့်သို့ မြှင့်ခဲ့သည်။

အစွမ်းထက်ကာကွယ်ဆေးများသည် Omicron ကာကွယ်နိုင်ပြီး ကပ်ရောဂါကိုဖြတ်ကျော်ရန် အကောင်းဆုံးအခွင့်အရေးကိုပေးဆောင်သည်ဟု ကျန်းမာရေးအရာရှိများက မကြာခဏ ပြောကြားထားပြီး ဖြစ်သည်။

ရှီယန်းတွင် Omicron မျိုးကွဲရောဂါဖြစ်ပွားမှုကို မတွေ့ရှိရသေးသော်လည်း မည်သည့်ရောဂါ ဖြစ်ပွားမ မဆိုဖေဖော်ဝါရီတွင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ခြိမ်းခြောက်နိုင်သည်ဟု တရုတ်အစိုးရက စိတ်မချဖြစ်နေသည်။

ကျန်းမာရေးအရာရှိများနှင့် ရဲများသည် လမ်းများပေါ်ရှိ မော်တော်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများသည် ၁၀ ရက် ထိန်းသိမ်းခံရနိုင်သလို ဒဏ်ငွေ ယွမ် ၅၀၀ (၅၈ ပေါင်) ပေးဆောင်ရမည်ဖြစ်သည်။

ရှီယန်းဒေသခံ ၁၃ သန်းကို လိုအပ်သောခရီးသွားလာမှုအတွက်သာ ၎င်းတို့နေအိမ်များမှ ထွက်ခွာခွင့်ပြုထားသည်။

ပြီးခဲ့သော သီတင်းပတ်က မြို့အား အသွားအလာကန့်သတ်လိုက်ပြီးနောက် အာဏာပိုင်များသည် အစုလိုက်အပြုံလိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကာလူ ၃၀ ၀၀၀ ကို ဟိုတယ်တွင် သီးသန့်ခွဲခြားထားရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly