တရုတ်သမ္မတ ရှီကျင့်ဖျင်က တိန့်ရှောင်ဖိန် နောက်လိုက်များ၏ စိန်ခေါ်မှု ခံရမှာလား 

By Asian lite
05 January 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်က တိန့်ရှောင်ဖိန် နောက်လိုက်များ၏ စိန်ခေါ်မှု ခံရမှာလား 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အာဘော်ဖြစ်သော People's Daily သတင်းစာသည် အံ့ဩဖွယ်ရာ မြုပ်ကွက်တစ်ခုကို ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် အရေးပါသော ပါတီအစည်းအဝေးတစ်ခုအကြောင်း ရေးသားချက်တွင် CPC အထွေထွေအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံ၏ သမ္မတအဖြစ် ၂ ဆတန်ခိုးထွားလာနေသော တရုတ်၏ နိုင်ငံရေး ဘီလူးကြီး ရှီကျင့်ဖျင်ကို ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိပေ။

နိုဝင်ဘာလတွင်ကျင်းပသည့် ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ ဆဌမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် အဓိက ပါဝင်ခဲ့သော ရှီကို မည်သည့်ရည်ညွှန်းချက်မှ မတွေ့ရခြင်းက ထင်ကြေးပေးမှုများကို လွဲသွားစေခဲ့သည်။

တရုတ်အစိုးရ၏ နိုင်ငံရေး ထိပ်တန်းလူတန်းစားများ တုန်လှုပ်ဆွံ့သွားသည်မှာ အံ့သြစရာမဟုတ်ပေ။ ကောလာဟလ များလည်း အများအပြားထွက်ပေါ်လာခဲ့သည်။  

ရှီကို ဘေးဖယ်ထားခြင်းအပြင် ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဗိသုကာပညာရှင် တိန့်ရှောင်ပင်ကို ချီးမွမ်းထားသည်။

ရှီကျင့်ဖျင်သည် တရားဝင် ငြင်းဆိုခြင်း မရှိသော်လည်း တိန့်၏ အခြေခံကျသော ဈေးကွက်ပြုပြင်ပြောင်းလဲမှု များမှတစ်ဆင့် တရုတ်၏ စီးပွားရေး မြင့်တက်အားကောင်းလာစေသည့် တိန့်၏ အထင်ကြီး လေးစား လောက်ဖွယ် အမွေအနှစ်ကို ထိန်းသိမ်းထားသည်။

People’s Daily ဆောင်းပါးကို ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပါတီသမိုင်းနှင့် စာပေသိပ္ပံ ဥက္ကဌ ချီချင်းရှန်က ရေးသားခဲ့ခြင်းဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ယင်းမှာ ရှီကျင့်ဖျင်သစ္စာခံတစ်ယောက်အဖြစ် နာမည်ထွက်နေသူဖြစ်သည်။

၁၉၇၆ ခုနှစ်တွင် မော်ကွယ်လွန်ပြီးနောက် နိုင်ငံရေးအခင်းအကျင်းတွင် ပေါ်ထွက်လာခဲ့သော တိန့်ကို ဆောင်းပါးတွင် အပြည့်အဝ ချီးကျူးဂုဏ်ပြုထားသည်။
ဆောင်းပါးတွင် ဖော်ပြထားသည့် နောက်ကြောင်းပြန် တိန့်မက်ဆေ့ချ်တွင် “ပါတီ၏ ကြီးမားသော နိုးကြားမှု' တိန့်၏ တခြားနာမည်ပြောင်ဖြစ်သည့် ပဲ့ကိုင်ရှင်လူသေးလေး' ၏ ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ဖော်ပြထားသည်။

ချီ၏ ဝေဖန်ချက်သည် တိန့်အား အားကျဖွယ်အဖြစ် ရှုမြင်သော ပြုပြင်ပြောင်းလဲရေးသမားများနှင့် သမ္မတ၏ ထူးခြားသောဒစ်ဂျစ်တယ်အာဏာရှင်စနစ်၏ အမှတ်တံဆိပ်ကို ထောက်ခံသော ရှီ၏သစ္စာခံများ အကြားတွင် ခါးသီးသောအာဏာလွန်ဆွဲမှု ရှိနေသည်ကို ရှေ့ပြေးနိမိတ်အဖြစ် ခပ်ရေးရေးဖော်ပြပုံရသည်။

တိန့်-ကျန်း-ဟူ နောက်လိုက်များနှင့် မော်-ရှီတပည့်များအကြား ကွန်မြူနစ်ပါတီအတွင်း အယူဝါဒဆိုင်ရာ စစ်ပွဲများ စတင်ဖြစ်ပွားလာသည်မှာ ထင်ရှားလှသည်။ လာမည့် ၅ နှစ်အတွက် ခေါင်းဆောင်မှုလိုင်းအသစ်ကို ဆုံးဖြတ်သည့်အခါ ၂၀၂၂ခုနှစ်၏ ၂၀ကြိမ်မြောက်ပါတီကွန်ဂရက်သည်အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly