ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် လက်လုပ်မိုင်း ပေါက်ကွဲ၍ ၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် လက်လုပ်မိုင်း ပေါက်ကွဲ၍ ၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက လက်လုပ်မိုင်း (IED) ပေါက်ကွဲမှုဖြစ်ပြီးနောက် လူ ၁ဦး သေဆုံးပြီး အခြား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မြောက်ပိုင်းဝါဇီရစ္စတန်ခရိုင်တွင် မည်သူမည်ဝါ မသိရသည့် ကျူးလွန်သူများက မီရာလီ အရပ် မာမာခဲလ် ဧရိယာရှိ မြေအောက်တွင်းတစ်ခုအနီး ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

လက်လုပ်မိုင်း ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်တွင်လည်း လူ ၁ ဦး သေဆုံးခဲ့သည်။ အခြား ဒဏ်ရာရသူ ၂ ဦးကို ဘန်နူ ခရိုင် ဆေးရုံတစ်ရုံသို့ ပို့ဆောင်ထားခဲ့ရသည်။ 

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေကာ သတင်းအချက်အလက်များ ထပ်မံရရှိရန် ကြိုးပမ်းလျက် ရှိသည်။

ယင်းမတိုင်မီ အစောပိုင်းကလည်း မြောက်ပိုင်းဝါဇီရစ္စတန်ခရိုင် မီအာ အလီ အရပ်တွင် ဒီဇင်ဘာ ၂၆ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး နှင့် အရပ်သား၁ ဦး တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်သား ၃ ဦး နှင့် အရပ်သား၁ ဦး တို့ ထိခိုက်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်ဟု The News International က ဖော်ပြသည်။ ဒဏ်ရာရသူများကို ဘန်နူရှိ စစ်ဆေးရုံတစ်ခုသို့ ချက်ချင်း ပို့ဆောင်ပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly