ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းနှင့် သက်ကြီးရွယ်အို လူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းသည် ၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်နှင့် အလုပ်အကိုင်များ တည်ငြိမ်စေရန် တရုတ်၏ အားထုတ်မှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် လူငယ်များနှင့် မကြာသေးမီက ဘွဲ့ရထားသူများအတွက် လုံလောက်သော အလုပ်အကိုင်များကို ဖန်တီးရန် လိုအပ်နေသလို အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းရမည်ဟု တရုတ်နိုင်ငံဆိုင်ရာ စိစစ်သုံးသပ်ရေးနှင့် ခန့်မှန်းချက် (၂၀၂၂ ခုနှစ်) နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်၏ အလုပ်အကိုင်ဈေးကွက်သည် ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီကာလ အခြေအနေသို့ ပြန်လည်မရောက်သေးကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ် ၁၁ လအတွင်း အလုပ်အကိုင်ပေါင်း ၁၂ ဒသမ ၀၇ သန်း ဖန်တီးပေးခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းထွက်ပေါ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် အလားတူကာလ၏ ၁၂ ဒသမ ၇၉ သန်းနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း South China Morning Post သတင်းက ရေးသားထားသည်။