ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက်မှုဖြင့် အမေရိကန်နိုင်ငံသား ၅ ဦးကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့

ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက်မှုဖြင့် အမေရိကန်နိုင်ငံသား ၅ ဦးကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့

ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဟောင်း ဝဲဘဲလ်ရို့စ်နှင့် အမေရိကန်ကော်မရှင်ဥက္ကဌ ကာရိုးဘာသယ်လိုမော အပါအဝင် အမေရိကန် လူပုဂ္ဂိုလ် ၅ ဦးကို တရုတ်က ဒီဇင်ဘာ ၃၀ရက်တွင် တန်ပြန်အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ကန့်သတ်ချက်များအရ ပိတ်ဆို့အရေးယူခံထားရသော အဆိုပါ အမေရိကန်နိုင်ငံသားများကို တရုတ်ပြည် မကြီး၊ ဟောင်ကောင်နှင့် မကာအိုသို့ ဝင်ရောက်ခွင့်မပြုဘဲ တရုတ်နိုင်ငံရှိ ယင်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားမည်ဖြစ်သည်။

၎င်းတို့အား တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကုန်သွယ်မှုကိုလည်း တားမြစ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဌာနကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။ 

ဟောင်ကောင်တွင် တရုတ်အစိုးရက ဒီမိုကရေစီအရေး ဖြိုး၏ခွင်းမှုနှင့်ပတ်သက်၍ ဟောင်ကောင်ရှိ ဗဟိုပြည်သူ့ အစိုးရ၏ ဆက်ဆံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ၅ ဦးအပါအဝင် တရုတ်အရာရှိ ၇ ဦးကို အမေရိကန်က ဇူလိုင်လတွင် ပိတ်ဆို့အရေးယူခဲ့သည်။

အမေရိကန်၏ လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်နိုင်ငံသား ၅ ဦးကို တရုတ်သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပြီး နိုင်ငံခြား ဒဏ်ခတ် အရေးယူမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ တန်ပြန်အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly