တရုတ်က တိဗက်အား အဆိပ်အတောက်ဖြစ်စေသည့် အမှိုက်စွန့်ပစ်မြေ ဖြစ်အောင် လုပ်ဆောင်နေ

တရုတ်က တိဗက်အား အဆိပ်အတောက်ဖြစ်စေသည့် အမှိုက်စွန့်ပစ်မြေ ဖြစ်အောင် လုပ်ဆောင်နေ

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ဒေသအား အဆိပ်အတောက်ဖြစ်စေသော အညစ်အကြေးများစွန့်ပစ်ရာ အမှိုက်ပုံမြေနေရာဖြစ်အောင် ပြုလုပ်ခြင်းဖြင့် တိဗက်အပေါ် အမြတ်ထုတ်နေသလို ပျက်စီးလွယ်သော ဂေဟစနစ်နှင့် ထူးခြားသောပထဝီဝင်ဒေသကို ကာကွယ်ရာတွင်လိုအပ်သော အရင်းအမြစ်များ ဖြည့်ဆည်း ပေးရန် ပျက်ကွက်ခဲ့ကြောင်း သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၀ စုနှစ်များစွာအတွင်း ဒေသတွင်း၌ အလျင်အမြန်အကောင်အထည်ဖော်ခဲ့သော စက်မှု စီမံကိန်းများကို ကြည့်ခြင်းဖြင့် CCP ၏ တိဗက်အပေါ် အကြောင်းမဲ့လျစ်လျူရှုခြင်းမှာ သိသာထင်ရှားသည်။

တိဗက်ကုန်းပြင်မြင့်သည် ကမ္ဘာ့အမြင့်ဆုံး ပထဝီဝင်ဧရိယာဖြစ်ပြီး ပင်လယ်ပြင်အထက် ပျမ်းမျှအမြင့်ပေ ၁၄၃၇၀ (၄၃၈၀ မီတာ) ရှိသည်။
 
လီသီယမ်သတ္တုတူးဖော်ခြင်းနှင့် တိဗက်ရှိ နျူကလီးယားဓာတ်သတ္တုတူးဖော်ခြင်းအပါအဝင် တရုတ်နိုင်ငံ၏စက်မှုလုပ်ငန်းများဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများဖြင့် နိုင်ငံ၏စက်မှုလုပ်ငန်းများသည် ကြီးမားသောကာဗွန်ခြေရာကိုဖန်တီးပေးသောကြောင့် ဒေသတွင်းမုတ်သုံစက်ဝန်းကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ 

တရုတ်သည် ၎င်း၏လက်ငင်းစီးပွားရေးအမြတ်အတွက် မွန်ထရီရယ်ပရိုတိုကောကို လျစ်လျူရှုထားသည်။ ၎င်းပရိုတိုကောသည် ဟိုက်ဒရိုကာဗွန်အသုံးပြုမှုကို အတိအလင်းတားမြစ်ထားသည်။

သတ္တု အလွန်အကျွံ တူးဖော်ခြင်းသည် တိဗက်၏ သဘာဝအရင်းအမြစ်များကို ဆုံးရှုံးသွားစေရုံသာမက မဖြစ်ထွန်းသော ကျတ်တီးမြေများအဖြစ် ကျန်နေစေခဲ့သည်ဟု Providence ဂျာနယ်၌ ဖော်ပြထားသည်။

ရေကြည်ရာမြက်နုရာနေထိုင်သည့် ဘဝပုံစံအပေါ် တရုတ်က ကန့်သတ်လိုက်ခြင်းကြောင့် ရွှေ့ပြောင်း သွားလာသူများနှင့် ၎င်းတို့၏မြေယာများကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများသည် အလုပ်ရှာဖွေသူများ၏ဘဝကို ကျင့်သားမရသောကြောင့် ၎င်းတို့ကို အတင်းအကျပ် ပြန်လည်နေရာ ချထားခြင်းက အလုပ်လက်မဲ့ဖြစ်စေသည်။

လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးစားကျက်အတွက် တစ်ချိန်က ၎င်းတို့ မှီခိုခဲ့သည့် မြေများသည် ရွှေ့ပြောင်းသွားလာသူများ လုပ်ဆောင်သကဲ့သို့ သင့်လျော်သော စောင့်ရှောက်မှုကို မရရှိခဲ့ဟု အမေရိကန် အခြေစိုက် ဂျာနယ်က ဆိုသည်။

တရုတ်နိုင်ငံသည် အဆိုပါစိုးရိမ်မှုများကို တမင်တကာ လျစ်လျူရှုထားသော်လည်း COP26 ကာလအတွင်း နိုင်ငံရပ်ခြားရှိ တိဗက်အသိုက်အဝန်းများက တိဗက်၏ ပျက်စီးလွယ်သောပတ်ဝန်းကျင်နှင့် ကမ္ဘာအတွက် ၎င်း၏အရေးပါမှုတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု Providence ၌ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly