တရုတ်က သံတမန်ရေးနည်းလမ်းဖြင့် အကျပ်ကိုင်ပြီး ဗီယက်နမ်နယ်စပ် ကုန်သွယ်ရေးကို ခြိမ်းခြောက်နေ

တရုတ်က သံတမန်ရေးနည်းလမ်းဖြင့် အကျပ်ကိုင်ပြီး ဗီယက်နမ်နယ်စပ် ကုန်သွယ်ရေးကို ခြိမ်းခြောက်နေ

ဗီယက်နမ်၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒ ချဉ်းကပ်မှုက တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အကြီးအကျယ် အဟန့်အတားဖြစ်စေပြီးနောက် တရုတ်က ဗီယက်နမ်အပေါ် အကျပ်ကိုင်သည့် သံတမန်နည်းလမ်းကို ကျင့်သုံးနေသည်ဟု စွပ်စွဲခံနေရသည်။

Quad၊ AUKUS နှင့် မြန်မာပြည်ကိစ္စတို့တွင် ဗီယက်နမ်က ထပ်တူထပ်မျှ မရပ်တည်သည့်အတွက် တရုတ်က စိတ်ပျက်နေကြောင်း India Times က သိရှိထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာခေါင်းဆောင်များကို ဖိတ်ကြားရန် ဗီယက်နမ်က တွန်းအားပေးခြင်း မပြုဟူသောအချက်ကို တရုတ်က ခြွင်းချက်အဖြစ် နားလည်ထားသည်။

နောက်ပိုင်းတွင် တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များတစ်လျှောက် ဗီယက်နမ်ကုန်တင်ကားများအတွက် အကောက်ခွန်ဖြတ်သန်းခွင့်မပြုခဲ့သည့်အတွက်
လယ်ယာထွက်ကုန်များ တင်ဆောင်လာသော ဗီယက်နမ် ကုန်တင်ကား ၅၀ဝဝ သည် နယ်စပ်တစ်လျှောက် သောင်တင်နေသည်။

အကောက်ခွန်ရှင်းလင်းရေးလုပ်ရန် တန်းစီစောင့်ဆိုင်းနေသည့် ဗီယက်နမ်ကုန်တင်ကား ထောင်ပေါင်း များစွာ သည် မြောက်ပိုင်းပြည်နယ်များရှိ နယ်စပ်ဂိတ်များတွင် သောင်တင်နေဆဲဖြစ်ကြောင်း ဗီယက်နမ် အကောက်ခွန်ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး အူအန်တွမ်က ပြောသည်။

မြောက်ပိုင်းပြည်နယ်များသို့ ကုန်တင်ကားများ ဆက်လက်ရောက်ရှိလာချိန်တွင် နှစ်နိုင်ငံနယ်စပ်တွင် ကားတန်းကြီးများ ပိတ်မိနေဆဲဖြစ်ကြောင်း ညွှန်ကြားရေးမှူး အူအန်တွမ်က ပြောကြားခဲ့သည်ဟု ဗီယက်နမ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယခုအခါ အာဏာပိုင်များသည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် နည်းလမ်းများကို ရှာဖွေနေပြီး ကုန်တင်ကားများ အမြန်ဆုံး နယ်စပ်ဖြတ်ကျော်ရန် အရှိန်အဟုန်ဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။ 

လူများ၊ မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများ ထုပ်ပိုးခြင်းနှင့် ပတ်သက်ပြီး တရုတ်၏ တင်းကျပ်သော ကိုဗစ်-၁၉ ကာကွယ်မှု အစီအမံများကြောင့် အကောက်ခွန်ရှင်းလင်းရေး နှေးကွေးသွားခြင်းဖြစ်ကြောင်း စွပ်စွဲမှုများ လည်း ရှိသည်။

အချို့သော နယ်စပ်ဂိတ်များသည် အကောက်ခွန် လုပ်ငန်းစဉ်များကို ပုံမှန်နှုန်းထက် နှေးကွေးစွာ ဆောင်ရွက်နေသည်။

သို့သော် အကောက်ခွန်ရှင်းလင်းရာတွင် နှောင့်နှေးခြင်းသည် တရုတ်၏ အကျပ်ကိုင်သော သံခင်းတမန်ခင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း India Times က သတင်းရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly