မန္တလေးခရိုင်အတွင်း ၂၀၁၅ ခုနှစ်တွင် လူသတ်မှုပေါင်း၂၈မှု ဖြစ်ပွား

မန္တလေးခရိုင်အတွင်း ၂၀၁၅ ခုနှစ်တွင် လူသတ်မှုပေါင်း၂၈မှု ဖြစ်ပွား

မန္တလေး၊ဇန်နဝါရီ ၈ ။            ။ မန္တလေးခရိုင်အတွင်းတွင် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူသတ်မှုပေါင်း ၂၈ မှုဖြစ်ပွားခဲ့သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး စိန်ထွန်း ကပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင်(၇) မှု၊အောင်မြေသာစံတွင်(၆)မှု၊ မဟာအောင်မြေတွင်(၄)မှု ၊ချမ်းမြသာစည်(၄)မှု ၊အမရပူရတွင်(၁)မှု ၊ပုသိမ်ကြီးတွင်(၆)မှု တို့ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသော မှတ်တမ်းအရသိရသည်။

၂၀၁၃ခုနှစ်တွင် လူသတ်မှုပေါင်း (၂၉)မှုနှင့် ၂၀၁၄ခုနှစ်တွင် လူသတ်မှုပေါင်း (၃၀)မှုဖြစ်ပွား ခဲ့သည်ဟုလည်း  ဒုရဲမှူးကြီး စိန်ထွန်း ကဆိုသည်။

"လုံခြုံရေးနဲ့မှုခင်း ကျဆင်းရေးအတွက် လှည့်ကင်း၊ပတ်ကင်း၊ဝပ်ကင်းတွေနဲ့ နေ့၊ည ဆောင်ရွက်နေတယ်။"ဟု ဒုရဲမှူးကြီး စိန်ထွန်း ကပြောသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် အမှုပေါင်း (၅၆)မှု၊ခိုးယူမှု ၇ မျိုးတွင် အမှုပေါင်း (၄၉၀)မှု၊အခြားဖြစ်ပွားသောအမှု ၁၀ မျိုးတွင်အမှုပေါင်း (၂၂၈၆)မှု၊ကြိုတင်ကာကွယ်မှု ၁၀ မျိုးတွင် အမှုပေါင်း(၄၅၇၆)မှုဖြစ်ခဲ့ရာ စုစုပေါင်း (၇၄၀၈)မှုဖြစ်ပွားခဲ့သည်ဟုလည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသတင်းထုတ်ပြန်ထားသည်။

“အမှုကြီး(၁၀)မျိုးထဲမှာက လူသတ်၊ ဓားပြ၊လုယက်၊ပြန်ပေး၊ ဖောက်ထွင်း၊ တိရစ္ဆာန်ခိုးမှုမုဒိမ်းစသဖြင့်ပေါ့။ ဒီအမှုကြီးတွေက ကြိုတင်ကာကွယ်မှု(၁၀)မျိုးနဲ့ ဆက်စပ်နေတယ်။ အခြားအမှုနဲ့ ကြိုတင်ကာကွယ်မှု ထဲက အများဆုံးပဲ။"ဟု ဒုရဲမှူးကြီး စိန်ထွန်း က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly