ဝက်လက်တွင် PDF က တော်လှန်ရေးဆင်နွှဲရင်း ဒေသခံများအတွက် စပါးရိတ်သိမ်းပေး

ဝက်လက်တွင် PDF က တော်လှန်ရေးဆင်နွှဲရင်း ဒေသခံများအတွက် စပါးရိတ်သိမ်းပေး

ဇန်နဝါရီလ ၂ ရက်

၀က်လက်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်စိုးရိမ်ထိတ်လန့်နေသော တောင်သူများအား PDF ရဲဘော်များမှ ယနေ့ ဇန်နဝါရီ ၂တွင်  စပါးကူညီရိတ်သိမ်းပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း (၁) ဗိုလ်ဇာတ်လိုက် အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ၀က်လက်မြို့နယ်အတွင်းရှိ တောင်သူများအား စပါးကူညီရိတ်သိမ်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ စစ်ကိုင်းနှင့် ဝက်လက်သည် နယ်နမိတ်ထိစပ်နေသဖြင့် စစ်ကိုင်း LPDF များက တောင်သူများကို ကူညီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၀က်လက်မြို့နယ်တွင် ၂၀၂၂ ဇန်နဝါရီ ၁ ညနေပိုင်းက ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ညနေ၆နာရီခန့်က Mi35 ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။

စစ်ကိုင်း၊၀က်လက်၊မြင်းမူ၊အရာတော် မြို့နယ်များတွင် စစ်တပ်နှင့်ပျူစောထီးများ၏ စစ်ကြောင်းထိုး ခြင်း‌များ၊ မီးရှို့ဖျတ်ဆီးမှုများကြောင့် ဒေသခံတောင်သူများ ရိတ်သိမ်းချိန်ရောက်ရှိနေသော်လည်း လယ်ယာလုပ်ငန်းဆောင်ရွက်ရန် အခက်အခဲများစွာကြုံတွေ့နေခဲ့ရသည်။

ဒီဇင်ဘာ၂၉ ရက်၊ ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်အုပ်စုတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း အား မိုင်းဆွဲတိုက်ခိုက်ခံရရာ စစ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများနှင့် သေဆုံးများကို သယ်ယူပြီး ဆုတ်ခွာနေစဉ် အနီးရှိ ဒေသခံစပါးခင်းများထဲတွင် ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားသော စပါးများကို မီးတင်ရှို့သွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required