ကော့သောင်းတွင် ထိုင်းနေရပ်ပြန်သူများထဲမှ ၅ ဦး COVID -19 တွေ့ရှိ

ကော့သောင်းတွင် ထိုင်းနေရပ်ပြန်သူများထဲမှ ၅ ဦး COVID -19 တွေ့ရှိ

ဒီဇင်ဘာလ ၃၁ ရက်

ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်ခံထားရသည့်  ထိုင်းနိုင်ငံမှ ပြန်လာသူများထဲတွင် COVID -19 ရောဂါ ကူးစက်ခံသူ ငါးဦး တွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 

၎င်းတို့ ငါးဦးထဲမှ လေးဦးမှာ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံပြီးနောက် လွှဲပြောင်း ပေးအပ် ခံထားရသူများ ဖြစ်ပြီး တစ်ဦးမှာ ရေလုပ်ငန်းမှဖြစ်ကြောင်း သိရသည်။ 

"ဒီလူတွေကို လက်ခံပြီးနောက်ပိုင်း  နှာခေါင်းတို့ဖတ် ရယူစစ်ဆေးတဲ့ နည်းနဲ့ စစ်ဆေးရာမှာ COVID -19 ပိုး တွေ့ရှိတာ ဖြစ်တယ်" ဟု ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

လက်ရှိတွင် COVID -19 ရောဂါ တွေ့ရှိသူများကို ကော့သောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကုသမှုပေးထားသည်။ 

ထိုင်းနိုင်ငံ ၊ရနောင်းခရိုင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၄၆ ဦးတို့ကို တနင်္သာရီတိုင်း‌ဒေသကြီး ကော့သောင်းမြို့သို့ ဒီဇင်ဘာလ ၂၇ ရက်တွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပုံစာ- ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၂၇ရက်က တွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required