မန္တလေးလူမဲ့သပိတ်ကို လာရှင်းလင်းသည့် စစ်သား ၂ဦး မိုင်းထိဒဏ်ရာရ

မန္တလေးလူမဲ့သပိတ်ကို လာရှင်းလင်းသည့် စစ်သား ၂ဦး မိုင်းထိဒဏ်ရာရ

ဒီဇင်ဘာ ၃၁

မန္တလေးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ပြုလုပ်သည့် လူမဲ့သပိတ်မှ ပစ္စည်းများအား တုတ်ဖြင့်ထိုး ဖယ်ရှားရှင်းလင်း‌ နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ စစ်ကောင်စီလက်နက်ကိုင်နှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

“တုတ်နဲ့ထိုးနေတုန်း ချိန်ကိုက်မိုင်းပေါက်တာ စကစနှစ်ယောက်လဲကျသွားတယ်။ ရဲလား စစ်သားလားတော့ ကျွန်တော်တို့လည်း အဲဒီလောက်မသဲကွဲဘူးလေ။ဒဏ်ရာတော့ အတော်ပြင်းတဲ့ပုံပဲ” ဟု အခင်းဖြစ်လနေရာအနီး နေထိုင်သူတစ်ဦးကပြောသည်။

မန္တလေးမြို့ ၃၈ လမ်းနှင့် ၇၄ လမ်းထောင့်အနီးတွင် ယနေ့ နံနက်အစောပိုင်းက နှစ်သစ်ကိုကြိုဆိုသောပုံရိပ်တစ်ခုအဖြစ် တော်လှန်ရေးအင်အားစု များက လူမဲ့ သပိတ်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။ ထိုနေရာသည် ရတနာပုံခန်းမရှိသည့် စစ်တပ်ဝင်းအနီးဖြစ်သည်။

ထိုလူမဲ့သပိတ်တွင် “ပြည်သူများ(လုံးဝ)မထိရ” စာသားပါအန္တရာယ်သတိပေးချက်နှင့်အတူ “စစ်ခွေး ရဲခွေး ဘယ်ကောင်သေရဲလဲ” “ငါတို့အမဲလိုက်မယ့်အလှည့် ရောက်ပြီ"၊ “သွေးကြွေးမှာဆွေးနွေးစရာမရှိ”၊ “ဘယ်တော့မှ သွေးမကွဲမယ့် NUG PDF & UF” အစရှိသည့်စာသားပါဆိုင်းဘုတ်များပါဝင်ပြီး၊ နွေဦးတော်လှန်ရေး လက်ကမ်းစာရွက်များလည်းဖြန့်ကြဲခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်လတ်တလောမရသေးသော်လည်း မန္တလေးမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် NGU:FF-Mandalay က “ဒုတ်ဖြင့်ထိုးကာမိုင်းရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ကြောင်း၊ စစ်ကောင်စီလက်နက်ကိုင်နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း” သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly