မန္တလေးသံလမ်းဘေး ကျူးကျော်များ စစ်ကောင်စီဖယ်ရှား

မန္တလေးသံလမ်းဘေး ကျူးကျော်များ စစ်ကောင်စီဖယ်ရှား

ဒီဇင်ဘာလ ၂၈ ရက်

မန္တလေးမြို့တွင် မီးရထားသံလမ်းဘေးကျူးကျော်များအား စစ်ကောင်စီကအင်အားသုံးဖယ်ရှားရှင်းလင်းနေတာကြောင့် အခက်အခဲများဖြစ်နေကြရ သည်ဟု နေအိမ်ဖျက်ပေးနေရသည့်ကျူးကျော်များကပြောသည်။

“ဒီအချိန်ဒီကာလကြီးခက်ခဲတာပေါ့ဗျာ၊ တချို့လည်း ပြောင်းပြီးကုန်ပြီ၊ တချို့လည်းမပြောင်းနိုင်သေးဘူး၊ ရသလောက်ကုတ်ဖဲ့နေရင်း ဒီနေ့တော့မရတော့ ဘူး၊ ဘူဒိုဇာတွေနဲ့ပါလာရှင်းတော့ ဖယ်ကြရတော့တာပေါ့၊ ထောင်ကားပါပါတယ်” ဟု မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်အရှေ့ဘက်၊ မန္တလေး-လားရှိုးမီးရထားလမ်းပိုင်းကျူးကျော်များ ဖယ်ရှားရှင်းလင်းခံရမှုနှင့်ပတ်သက်၍ ကျူးကျော်နေထိုင်သူတစ်ဦးကပြောသည်။

မီးရထားသံလမ်းဘေးကျူးကျော်များအား စစ်ကောင်စီကဖယ်ရှားရှင်းလင်းစေခိုင်းသည့်အထဲတွင်၊ ယခင်ကရပ်ကွက်အုပ်ချုပ်ရေးပိုင်းခွင့်ပြုချက်ဖြင့် ဆိုင် ခန်းဖွင့်လှစ်ထားသည်များလည်းပါ၀င်ကြောင်းသိရသည်။

“ကျနော်တို့ကကျူးဆိုပေမယ့်လည်း ရပ်ကွက်လူကြီးခွင့်ပြုချက်နဲ့ဆိုင်ဖွင့်ခဲ့တာပါ၊  အခုက အကုန်ဖျက်ဟေ့ဖျက်ဟေ့ဆိုတော့ ဖျက်ပေးရတာပါပဲ၊ မပြေလည်တဲ့ကာလကြီးမို့လို့လည်း အသနားခံလို့မရဘူး၊ အရင်ကဆင်းရဲပေမယ့် ဒုက္ခမရောက်ဘူး၊ အခုကတကယ့်ကိုဆင်းရဲဒုက္ခဆိုတာကြီးနဲ့တွေ့ကြုံရတာ” ဟု မီးရထားပိုင်မြေတွင်ဆိုင်ခန်းဖွင့်လှစ်ခဲ့သူတစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည်၊ ယမန်နေ့(ဒီဇင်ဘာ ၂၇ ရက်)ကစ၍၊ စစ်ကောင်စီလက်နက်ကိုင်များအ စောင့်အရှောက်ဖြင့် မန္တလေး-လားရှိုးမီးရထားလမ်းပိုင်းတစ်လျှောက် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်နှင့် ရဲမွန်တောင်ရပ်ကွက်တို့ကကျူးကျော် များအား စက်ယန္တရားများသုံးပြီးဖယ်ရှားရှင်းလင်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required