ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မန္တလေးအမျိုးသမီးသပိတ် တောင်းဆို

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မန္တလေးအမျိုးသမီးသပိတ် တောင်းဆို

ဒီဇင်ဘာ ၂၈

မန္တလေးမြို့တစ်နေရာတွင် မန္တလေးအမျိုးသမီးသပိတ် ဦးဆောင်၍ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်က ဆန္ဒပြကြသည်။

မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီးခံ၊ အကျဉ်းကျခံ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် နှစ်သစ်မှာ ဆက်လက်တော်လှန်ကြရန် အမျိုးသမီးမဟာမိတ်အင်အားစုမှ တိုက်တွန်းနှိုးဆော် ချီတက်ဆန္ဒပြကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးထုသည် တပ်ဦးမှ နေ၍ တော်လှန်နေကြဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly