မူဆယ်တွင် ငွေလဲသည့် တရုတ်အမျိုးသမီးအိမ် ဓားပြတိုက်ခံရ

28 December 2021
မူဆယ်တွင် ငွေလဲသည့် တရုတ်အမျိုးသမီးအိမ် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၊ ကောင်းမှူးလွယ်ရပ်ကွက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက် ည ၇ နာရီခန့်က ငွေလဲသူ တရုတ်အမျိုးသမီးတစ်ဦး၏ အိမ် ဓားပြတိုက်ခံရကြောင်း မျက်မြင်တွေ့ရှိသူထံမှ သိရသည်။

သေနတ်အရှည် ကိုင်ထားသူ အပါအဝင် လူလေးဦးက အဆိုပါအိမ်တွင်းသို့ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

"အရှည်တစ်လက်လား မသိဘူးပါတယ်။ အိမ်ထဲကိုလေးယောက်ကျော်ပြီး ဝင်လုသွားတာ၊ သေနတ်လည်းတစ်ချက်ဖောက်တယ်" ဟု ၎င်းကဆိုသည်။

မူဆယ်မြို့ မြို့လယ်ခေါင်တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ဓားပြတိုက်ခံရမှုလည်း

ဒီဇင်ဘာလ ၂၀ ရက်က ဖြစ်ပွားခဲ့သေးသည်။

မူဆယ်မြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အများအပြားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့စစ်အဖွဲ့များပေါင်းလျှင် အဖွဲ့အရေအတွက် ဆယ်ဂဏန်းအထက်တွင် ရှိနေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly