ကယားပြည်နယ်တွင်း အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံရမှု ကန်သံရုံးထုတ်ပြန် 

28 December 2021
ကယားပြည်နယ်တွင်း အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံရမှု ကန်သံရုံးထုတ်ပြန် 

ကယားပြည်နယ်မှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက်ကျုးလွန်နေသူတွေကို အပြစ်ပေး အရေးယူနိုင်ရေး တာဝန်ခံမှု ရှိအောင် ဆက်ပြီး ဖိအားပေးသွားမယ့် အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့် ဆက်လက် ဖြစ်ပေါ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Noeleen Hayzer က ဒီဇင်ဘာလ ၂၇ ရက်နေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလို VOA မနက်ခင်းသတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly