ကက်ရှ်မီးယား ဗဟိုတက္ကသိုလ်က နည်းပညာပွဲတော် စီစဉ်ကျင်းပ

By Daily Sikh
27 December 2021
ကက်ရှ်မီးယား ဗဟိုတက္ကသိုလ်က နည်းပညာပွဲတော် စီစဉ်ကျင်းပ

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ ဗဟိုတက္ကသိုလ်က နည်းပညာပွဲတော် TechFest 2021 ကို သတင်းအချက်အလက် နည်းပညာဌာန ကျောင်းသားများအတွက် ရက်သတ္တပတ် ၁ ပတ်ကြာ ကျင်းပခဲ့သည်။

ပါမောက္ခဖာရွတ်ခ်အာမတ်ရှာဟာက “နည်းပညာဟာ တကယ်တော့ နည်းပညာနယ်ပယ်နဲ့ သက်ဆိုင်သူတွေအတွက်သာမက လူအဖွဲ့အစည်းတစ်ခုလုံးအတွက် ကန့်သတ်ချက်မရှိပါဘူး” ဟု ပြောကြားသည်။

တိုင်းပြည်၏ လူငယ်များသည် တီထွင်ဆန်းသစ်မှုဖြင့် အနာဂတ်ကို မောင်းနှင်သူများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ယခုပွဲတော်သည် ၎င်းတို့အနေဖြင့် ယင်းအနာဂတ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေးနိုင်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

ခိုင်မြဲသော လုံ့လကြောင့် ထိုက်တန်သည့်ရလဒ်များ ရရှိမည် ဖြစ်သောကြောင့် ရှေ့ဆက်လုပ်ဆောင်ရာတွင် မည်သည့်အခက်အခဲများ ရှိစေကာမူ မိမိတို့၏ စိတ်ကူးများကို မမှိတ်မသုန် ဆက်လက် ဆောင်ရွက်သွားကြရန်လည်း ပွဲတော်တွင် ပါဝင်ဆောင်ရွက်သူများကို ရှာဟာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly