ကက်ရှ်မီးယားတွင် ဆောင်းရာသီ ဂီတနှင့် ပြဇာတ်ပွဲတော် ကျင်းပ

By India Blooms News Service
27 December 2021
ကက်ရှ်မီးယားတွင် ဆောင်းရာသီ ဂီတနှင့် ပြဇာတ်ပွဲတော် ကျင်းပ

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသတွင် အနုပညာဖျော်ဖြေမှုများ မပျောက်ကွယ်စေရန် ဆောင်းရာသီ ဂီတနှင့် ပြဇာတ်ပွဲတော် Istaqbaal- e- Chilae Kalaan ကို ဆရီနဂါမြို့တွင် ၃ ရက်က ကျင်းပခဲ့သည်။

ဂီတနှင့် ပြဇာတ်နယ်ပယ်မှ မျက်နှာသစ် အနုပညာရှင်များအနေဖြင့် ၎င်းတို့၏ အရည်အသွေးကိုလည်း ပြသခွင့် ရခဲ့ရာတွင် S. Pကောလိပ်၊ A S ကောလိပ်နှင့် အမျိုးသမီး ကောလိပ်တို့မှ ကျောင်းသူများလည်း ပါဝင်ခွင့်ရခဲ့သည်။

ယင်းပွဲတော်သို့ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အနုပညာ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများသင်တန်းကျောင်း တာဝန်ခံ တွဲဖက်အတွင်းရေးမှူး ဖာရိုးအန်နဝါမာဇာ တက်ရောက်ခဲ့သလို ပိတ်ပွဲအခမ်းအနားတွင် အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာ မူရှာတာကီအလီအာမက်က ၎င်းအနေဖြင့် သရုပ်ဆောင်အနုပညာရှင်များ အတွက် အပြည့်အဝ ကြိုးပမ်းဆောင်ရွက်ရန် ၎င်း၏ ကတိကို ထပ်မံအတည်ပြုခဲ့သည်။

ပါဝင်သည့် အနုပညာရှင်များ။ တဂိုးရ်ခန်းမမှ ဝန်ထမ်းများနှင့် သရုပ်ဆောင်ရှင်များပြုစုပျိုးထောင်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly