ပက်ခ်ဆိုဂျွန်၊ ပက်ခ်ဟောင်ရှီနှင့် ဂိုအာရာတို့ သမိုင်းနောက်ခံ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

ပက်ခ်ဆိုဂျွန်၊ ပက်ခ်ဟောင်ရှီနှင့် ဂိုအာရာတို့ သမိုင်းနောက်ခံ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား မင်းသား ပက်ခ်ဆိုဂျွန်၊ အမျိုးသား အဆိုတော်အဖွဲ့ Z:EA အဖွဲ့ဝင် ပက်ခ် ဟောင်ရှီနှင့် မင်းသမီး ဂိုအာရာတို့သည် သမိုင်းနောက်ခံ ဒရမ်မာ ဇာတ်ကားသစ် “ Hwarang” တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

“ Hwarang” ဇာတ်ကားတွင် ၎င်းတို့ သုံးဦးသည် ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒရမ်မာဇာတ်ကား အဖွဲ့ဝင်များက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“Hwarang” ဇာတ်ကားသည် တစ်ရာရာခိုင်နှုန်း ကြိုတင်အသံသွင်းထားသည့် ဒရမ်မာ ဇာတ်ကား တစ်ကားဖြစ်ပြီး  ခြောက်လ သို့မဟုတ် ခုနစ်လခန့် အချိန်ယူ ရိုက်ကူးသွားမည် ဖြစ်သည်။

ပက်ခ်ဆိုဂျွန်သည် တည်ကြည်ခန့်ညားသော ယောင်္ကျားတစ်ယောက်အဖြစ် သရုပ်ဆောင်သွား မည်ဖြစ်ပြီး ပက်ခ်ဟောင်ရှီသည် Silla ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သရုပ်ဆောင် သွားမည် ဖြစ်သည်။

ဂိုအာရာသည် ထက်မြက်ပြီး ချစ်စဖွယ်ကောင်းသော ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်သွား မည်ဖြစ်သည်။ “Hwarang: The Beginning ” ဇာတ်ကားကို ၂၀၁၆ နှစ်စပိုင်းတွင် စတင် ရိုက်ကူး သွားမည်ဖြစ်ပြီး ဇူလိုင် သို့မဟုတ် သြဂုတ်လတွင် အပြီးရိုက်ကူးရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly