သြစတြးလျက အကြီးမားဆုံးကာကွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယားနှင့် ပြုလုပ်လိုက်ခြင်းကြောင့် တရုတ်ကို ဒေါသထွက်စေနိုင်

သြစတြးလျက အကြီးမားဆုံးကာကွယ်ရေး သဘောတူညီချက်ကို တောင်ကိုရီးယားနှင့် ပြုလုပ်လိုက်ခြင်းကြောင့် တရုတ်ကို ဒေါသထွက်စေနိုင်

သြစတြးလျနိုင်ငံက အကြီးမားဆုံးကာကွယ်ရေး သဘောတူညီချက်အတွက် တောင်ကိုရီးယားနိုင်ငံကို ဒီဇင်ဘာ ၁၃ရက်တွင် ရွေးချယ်ခဲ့သဖြင့် တရုတ်ကို ဒေါသထွက်စေနိုင်သည်။

အမေရိကန်ဒေါ်လာ ၇၁၇ သန်းတန်ဖိုးရှိ ကာကွယ်ရေး သဘောတူညီချက်အသစ်ကို သဘောတူခြင်းဖြင့် သြစတြေးလျနှင့် တောင်ကိုရီးယားတို့သည် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ တိုးမြှင့်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ကတည်း ပထမဆုံး နိုင်ငံခြားခေါင်းဆောင်အနေဖြင့် သြစတြေး လျသို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သြစတြေးလျသို့ ၄ ရက်ကြာခရီးသွားရောက်ပြီးနောက် ရလဒ်အနေဖြင့် ယင်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားကာကွယ်ရေးကုမ္ပဏီ Hanwha သည် သြစတြေးလျစစ်တပ်ကို အဆင့်မြင့် လက်နက်များ၊ ထောက်ပံ့ရေးယာဉ်များနှင့် ရေဒါများ ရောင်းချရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

သြစတြေးလျက ဗြိတိန်၊ အမေရိကန်တို့နှင့် အတူ Aukusသဘောတူညီချက်တွင် ပူးပေါင်းပြီး လအနည်းငယ် အကြာတွင် သြစတြေးလျနှင့် တောင်ကိုရီးယားသမိုင်းတွင် အကြီးဆုံးကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်က တရုတ်ကို ဒေါသထွက်စေမည်ဖြစ်သည်။

အကျိုးဆက်အနေဖြင့် တရုတ်က ဒေါသထွက်စေမည်ဖြစ်ကြောင်း သိသော်လည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ ခရီးစဉ်က သြစတြေးလျနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရေးကို ရှေ့ရှုနေကြောင်း ဖော်ပြနေသည်ဟု ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို Taiwan News တွင်ဖော်ပြခဲ့သည်။

“သူရဲ့ ငါးနှစ်သက်တမ်းအဆုံးနဲ့ ကပ်ရောဂါအလယ်မှာ Quad နဲ့ AUKUS အဖွဲ့ဝင်ဖြစ်တဲ့ သြစတြေးလျနဲ့ အဆင်ပြေပြီး ထောက်ခံကြောင်း တစ်စိတ်တစ်ပိုင်းဖော်ပြခြင်းက အရေးကြီးတဲ့ အချက်ပြချက်ပါပဲ” ဟု တောင်ကိုရီးယားဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးဟောင်း ဘေလ်ပတ်တာဆန်က ပြောကြားခဲ့သည်။

၂၀၂၂ခုနှစ်တွင် တရုတ်နှင့် တောင်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ ်လုပ်လိမ့်မည်ဖြစ်ပြီး သြစတြေးလျနှင့် တောင်ကိုရီးယားတို့၏ ဆက်ဆံရေးမှာ နှစ်ပေါင်း ၆၀ ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly