မန္တလေး ရတနာပုံခန်းမ အနီး ဗုံးပေါက်

မန္တလေး ရတနာပုံခန်းမ အနီး ဗုံးပေါက်

ဒီဇင်ဘာ ၂၅

မန္တလေးမြို့တွင် စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီး၊ ၃၈ လမ်းပေါ်၌ ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့နေရာက အောင်ပြည့်စုံခန်းမ (ရတနာပုံခန်းမ) နဲ့အနီးလေး၊ ၃၈ လမ်းပေါ် ပေါက်တာပါ၊ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ခေါ်ကြတဲ့ လမ်းပေါ်မှာ ပေါက်တာပါ၊ မိန်းကလေး တစ်ယောက် ဗုံးထိတယ်၊ ဆေးရုံကားနဲ့ တင်သွားတာ တွေ့လိုက်ရတယ်၊ အဲဒီနားက စစ်တပ်ဧရိယာနဲ့ ကပ်ရက်ပါ” ဟု ပေါက်ကွဲမှုဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတချို့တွင် ဗုံးဖောက်ခွဲရန်လာသည့် အမျိုးသမီးတစ်ဦး ပေါက်ကွဲမှုဖြစ်ပြီး၊ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဖော်ပြထားသော်လည်း သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly