တရုတ်က ရေအောက်ကေဘယ်လ် အခြေစိုက် စခန်းများ တည်ဆောက်

တရုတ်က ရေအောက်ကေဘယ်လ် အခြေစိုက် စခန်းများ တည်ဆောက်

တရုတ်က အမေရိကန်နှင့် ပထဝီနိုင်ငံရေးအရပြိုင်ဆိုင်မှု စစ်မျက်နှာပြင် အသစ်တစ်ခုဖြစ်လာသည့် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံအဆင့်မြင်တင်ရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ မြေအောက်ကေဘယ်လ်များကို ထိန်းသိမ်းရန် တရုတ်က အခြေစိုက်စခန်း ၂ ခု တည်ဆောက်မည်ဖြစ်သည်။

အစိုးရ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းအတွက် မြေအောက်ကေဘယ်လ်ကြိုးများ တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းရာတွင် နိုင်ငံတကာပြိုင်ဆိုင်မှု စွမ်းရည် မြင့်တက်လာရေးအတွက် ၅ နှစ်စီမံကိန်း အရ တရုတ်သည် လာမည့် ၅ နှစ်အတွင်း မြေအောက် ကေဘယ်လ်များထိန်းသိမ်းရေးအတွက် အထူးသင်္ဘော များ တည်ဆောက်ရေး အတွက် ကြိုးပမ်းနေသည်။

အခြေစိုက်စခန်း ၂ ခုလည်ပတ်ဆောင်ရွက်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိသော်လည်း ယင်းတို့သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တွင် တည်ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြောက်အမေရိက၊ ဥရောပနှင့် ချိတ်ဆက်မည့် မြေအောက် ကေဘယ်လ်လိုင်းအသစ်အတွက် အစီအစဉ်ရေးဆွဲနေပြီး ယင်းဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံအတွက် ယွမ်ငွေ ၃ ဒသမ ၇ ထရီလံ(အမေရိကန်ဒေါ်လာ ၅၇၀ ဘီလီယံ) အထိ ကုန်ကျမည်ဖြစ်ပြီး ယခင် ၅ နှစ်ထက် ၁ ဒသမ ၇ ထရီလံယွမ် ပိုကုန်ကျမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနက နိုဝင်ဘာလက ပြောကြားခဲ့သည်။

တောင်ပိုင်းဟိုင်နန်ကျွန်းအစိုးရက တောင်တရုတ်ပင်လယ်အခြေစိုက်စခန်းတည်ဆောက်ခြင်းကို ကျွန်း၏ တောင်ဘက်စွန်းရှိ စန်းယာတွင် ၂၀၂၁ခုနှစ် မကုန်မီစတင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံအတွက်ပြည်နယ်၏ ကိုယ်ပိုင် ၅နှစ်စီမံကိန်းအရ ယင်းအခြေစိုက်စခန်းက ၂၀၂၃ခုနှစ်တွင် စတင်လည်ပတ်ပြီးနောက် ကမ်းလွန်နှင့် ကမ်းဝေးအပါအဝင် တောင်တရုတ်ပင်လယ်ရှိ ရေအောက် ကေဘယ်ကြိုးများ ဘေးကင်းလုံခြုံစေလိမ့်မည်ဟုဆိုသည်။

နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် China Mobile၊ China Telecom နှင့် China Unicom ၂၀၂၁ခုနှစ်တွင် အသစ်တည်ဆောက်သည့် ၃၁ လိုင်းတွင် ရှယ်ယာပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly