အိုမီခရွန်မျိုးကွဲ ပျံ့နှံ့နေသော်လည်း သြစတြေးလျက အသွားအလာကန့်သတ်ရန် တွန့်ဆုတ်နေ

အိုမီခရွန်မျိုးကွဲ ပျံ့နှံ့နေသော်လည်း သြစတြေးလျက အသွားအလာကန့်သတ်ရန် တွန့်ဆုတ်နေ

အိုမီခရွန်မျိုးကွဲ၏ သဘောသဘာဝအရ တုံ့ပြန်ရာတွင် အစိုးရများနှင့် တစ်ဦးချင်းစီတို့၏ ဆောင်ရွက်ချက်ကို ကျော်လွန်လုပ်ဆောင်ရမည်ဖြစ်ပြီး အဖွဲ့အစည်းများသည် ကောင်းစွာ အရေးတယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆန်က ပြောကြားခဲ့သည်။

မောရစ်ဆင်သည် အသွားအလာကန့်သတ်မှုအပေါ် စိတ်အားထက်သန်ခြင်းမရှိပေ။

မသေချာမရေရာမှုနှင့် စိုးရိမ်မှုတို့မှာ အကျွမ်းတဝင်ရှိ‌ပြီးသားဖြစ်သော်လည်း ဒီဇင်ဘာ ၂၂ ရက်ကကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ် မော်ရစ်ဆင် ပြောခဲ့သည့် စကားရပ်မှာ တမူထူးခြားသည်ဟု Australia Broadcasting Association (ABC) မှ ပြောကြားခဲ့သည်။

"ဒီနေ့ကျွန်ုပ်တို့သဘောတူထားတဲ့အရာတွေထဲကတစ်ခုကတော့ အသွားအလာကန့်သတ်တာတွေဆီ ပြန်မသွားတော့ပါဘူး။ ပြန်မလုပ်ချင်တော့ပါဘူး" ဟု မောရစ်ဆင်က ပြောကြားခဲ့သည်။

ထို့ပြင် မောရစ်ဆင်က အကာအရံရှိသည့် အများပြည်သူနေရာများတွင် နှာခေါင်းစည်းများတပ်ဆင်ရန် အထူးအကြုံပြုလိုကြောင်း ပြောကြားခဲ့သည်။ လာမည့် သီတင်းနှစ်ပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို ထပ်မံပြုလုပ်ရန် စီစဉ်ထားပြီး အိုမီခရွန်၏သဘောသဘာဝနှင့် ပြင်းထန်မှုပြဿနဆိုင်ရာများကိုလည်း ထပ်မံထုတ်ပြန်ပေးမည်ဟု ဝန်ကြီးချုပ် မောရစ်ဆင်က ပြောခဲ့ကြောင်း ABC၏ ထုတ်လွှင့်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly