တရုတ်ယန္တရားအတွင်းက တိဗက်လူမျိုးများကို စာနာနားလည်ပေးခြင်း

By IFFRAS
25 December 2021
တရုတ်ယန္တရားအတွင်းက တိဗက်လူမျိုးများကို စာနာနားလည်ပေးခြင်း

တရုတ်ကွန်မြူနစ်ပါတီက တည်ထောင်ထားသော အစိုးရသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ၏ အဆင့်အတန်းကို ပြန်လည်ဖန်တီးရန် ဆန္ဒရှိသည်ဟူသောအချက်မှာ သိသာမြင်သာသည့် အချက်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဩဇာလွှမ်းမိုးနိုင်သူဖြစ်လာစေရေးအတွက် အလျင်အမြန် လုပ်ဆောင်နေသည် ဟူသည့်အချက်မှာလည်း အားလုံးသိပြီးသားဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် အာဏာရပြီးပြီးချင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တိဗက်အတွက် မူဝါဒသစ်ကို အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ နယ်နိမိတ်များကို ကောင်းမွန်စွာ အုပ်ချုပ်ရန် အလေးထားလျက် တိဗက်နိုင်ငံ၏ နယ်စပ် ၂၁ ကောင်တီတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး အလားအလာသစ်များ ချမှတ်ရန် တရုတ်အရာရှိများကို အမိန့်ပေးခဲ့သည်။

နောက်ပိုင်းတွင် တိဗက်လူမျိုးများ၏ သက်သာချောင်ချိရေး သို့မဟုတ် ၎င်းတို့၏ စီးပွားရေးနှင့် မသက်ဆိုင်ဘဲ တိဗက်လူမျိုးများကို လက်အောက်ခံဘဝသွပ်သွင်းခြင်းဆိုင်ရာ ကောင်းစွာ အကောင်အထည်ဖော်ထားသည့် မူဝါဒတစ်ရပ်ကို စတင်ခဲ့သည်။

သို့သော် မီဒီယာများတွင် တရုတ်နှင့် ပြင်ပမှကြိုးပမ်းမှုများ အားလုံးသည် တိဗက်ဒေသတစ်ခုလုံး ၏ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်နေသည်ဟု ဖော်ပြခဲ့ကြသည်။

အမှန်တကယ်တွင် တရုတ်-အိန္ဒိယနယ်စပ်တစ်လျှောက် လုံခြုံရေးအစီအမံများ တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုတည်းကိုသာ တွန်းအားပေးခဲ့သည်။

အစီရင်ခံစာအများအပြား၌ တိဗက်လူမျိုး ၂ ဒသမ ၄ သိန်းခန့်သည် လာဆာမြို့တော်ရှိ ၎င်းတို့၏ ဘိုးဘွားအိမ်များမှ ယင်းနယ်စပ်ကျေးရွာများတွင် နေထိုင်ရန် ပြောင်းရွှေ့ခံခဲ့ရကြောင်း ဆိုထားသည်။ တရုတ်၏ မဟာဗျူဟာမှာ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း အခက်အခဲမရှိစေရန် လုံလောက်သော အခြေခံအဆောက်အအုံများနှင့်အတူ ထိန်းသိမ်းကြပ်မတ်ရေးအရင်းအမြစ်များ အပြည့်အစုံထားရှိလျက် အဆိုပါ နယ်စပ်ကျေးရွာများတွင် လူနေထူထပ်ရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly