အသံထက်မြန် ဒုံးကျည်တွေ အတွဲလိုက် စမ်းသပ်ပစ်လွှတ်မှုအတွက် ပူတင် ဂုဏ်ယူ 

အသံထက်မြန် ဒုံးကျည်တွေ အတွဲလိုက် စမ်းသပ်ပစ်လွှတ်မှုအတွက် ပူတင် ဂုဏ်ယူ 
Photo - AFP

ဒီဇင်ဘာ ၂၅

ရုရှစစ်တပ်ဟာ Zircon ဆိုတဲ့ အသံထက်မြန် ဟိုက်ပါဆိုနစ်ဒုံးကျည်တွေ အတွဲလိုက် တပြိုင်တည်း အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ ပူတင်က ဂုဏ်ယူစွာပြောရင်း နိုင်ငံအတွက် ‘ကြီးမားတဲ့ ဖြစ်ရပ်’ ပါပဲလို့ ပြောဆိုပါတယ်။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ခေတ်မီလက်နက်တွေ ယှဉ်ပြိုင်တည်ဆောက်နေချိန်မှာ ရုရှနိုင်ငံက Zircon ဟိုက်ပါဆိုနစ် ခရုစ်ဒုံးကျည်တွေကို အကြိမ်ကြိမ် စမ်းသပ်အောင်မြင်လျက် ရှိတာပါ။ 

ဒါပေမဲ့ အခုအကြိမ်မှာတော့ Zircon ဒုံးကျည်အချို့ကို တပြိုင်တည်း အောင်မြင်စွာ လွှတ်တင်စမ်းသပ်နိုင်တာအဖြစ် ရုရှအာဏာပိုင်တွေက ထုတ်ပြန်တာကြောင့် ပထမဆုံး အောင်မြင်မှုပဲ ဖြစ်ပါတယ်။ 

ဒုံးကျည်တွေ အတွဲလိုက် ပစ်လွှတ်စမ်းသပ်မှုကို ညပိုင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သောကြာနေ့က အစိုးရအစည်းအဝေးတစ်ရပ်မှာ ပူတင်က ပြောပါတယ်။ 

“ဒီ စမ်းသပ်မှုတွေ လုံးလုံး အောင်မြင်တယ်လို့ အပ်ချမတ်ချ ပြောနိုင်ပါတယ်”လို့ ပူတင်က ပြောတာကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။ 

“နိုင်ငံအတွက် ကြီးမားတဲ့ ဖြစ်ရပ်ပါ၊ ရုရှရဲ့ လုံခြုံရေး ခိုင်မာအားကောင်းဖို့နဲ့ ကာကွယ်ရေး စွမ်းရည် တိုးတက်ကောင်းမွန်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ”လို့ သူက ထပ်လောင်းပြောပါတယ်။ 

အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းပေမယ့် အခု ကိစ္စနဲ့ ပတ်သက်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက အသေးစိတ် ဖြေဆိုနိုင်ခြင်း မရှိပါ။ 

ရုရှ၊ အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတွေဟာ အသံထက် ငါးဆမြန်တဲ့ ဟိုက်ပါဆိုနစ်ဒုံးကျည်တွေကို သုတေသနပြု စမ်းသပ်ထုတ်လုပ်လျက် ရှိနေကြပါတယ်။ 

အခု အသံထက်မြန်တဲ့ ဒုံးကျည်သစ်တွေ တည်ဆောက်နေတာကို ၂၀၁၉ ဖေဖော်ဝါရီလက နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီ ဒုံးကျည်တွေဟာ အသံထက် ကိုးဆမြန်တဲ့ အလျင်နှုန်းနဲ့ မိုင် ၆၀၀ အကွာအဝေးက ပင်လယ်ပြင်နဲ့ ကုန်းမြေပစ်မှတ်တွေအထိ ပစ်ခတ်နိုင်စွမ်းတယ်လို့ ပူတင်က ပြောဆိုထားခဲ့တာ ဖြစ်ပါတ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly