လေယာဉ် စက်အတွင်း ပျားဝင်ရောက်မှုကြောင့် အင်ဒိုနီးရှားလေယာဉ်တစ်စီး ဆင်းသက်ရန် ကြန့်ကြာနေခဲ့

လေယာဉ် စက်အတွင်း ပျားဝင်ရောက်မှုကြောင့် အင်ဒိုနီးရှားလေယာဉ်တစ်စီး ဆင်းသက်ရန် ကြန့်ကြာနေခဲ့

ဂျာကာတာ၊ ဇန်နဝါရီ ၆ ။             ။ အင်ဒိုနီးရှားခရီးသည် တင်လေယာဉ်တစ်စီးသည် ဇန်နဝါရီ ၅ ရက်က ဆူမားတြားကျွန်းမှ ဂျာကာတာသို့ ပျံသန်းလာစဉ် လေယာဉ်၏ အဓိကစက်ပစ္စည်း တစ်ခုအတွင်း၌ ပျားတစ်ကောင်ဝင်ရောက်နေခဲ့ခြင်းကြောင့် ထိန်းချုပ်ရေးစနစ်ပိုင်းတွင် ပြဿနာပေါ်ပေါက်ခဲ့ပြီး လေဆိပ်သို့ မဆင်းသက်နိုင်ပဲ လေးနာရီကြာ ကြန့်ကြာနေခဲ့ရကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ပြော သည်။

အင်ဒိုနီးရှား Garuda လေကြောင်းလိုင်း၏ လေယာဉ်တစ်စီးသည် ဆူမားတြားကျွန်း Medan လေဆိပ်မှ ဂျာကာတာသို့  ဦးတည်ပျံသန်းလာခဲ့ပြီး ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ဆင်းသက်ရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။ သို့သော် အဆိုပါ ခရီးသည် ၁၅၆ ဦး လိုက်ပါလာသော ဘိုးအင်း ၇၃၇ လေယာဉ်၏ ထိန်းချုပ်ရေးစနစ်များ မူမမှန်ဖြစ်နေသည်ကို လေယာဉ်မှူးက သတိပြုခဲ့ပြီးနောက် မြေပြင်သို့ ဆင်းသက်မှုမပြု လုပ်သေးပဲ စစ်ဆေးမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု  Garuda လေကြောင်းလိုင်းက ပြောသည်။

" စစ်ဆေးမှုတွေနောက်ပိုင်း လေယာဉ်ရဲ့ လေအမြန်နှုန်းတိုင်းတာတဲ့ ပြွန်ခေါင်းထဲမှာ အင်းဆက်တစ်ကောင်ဝင်နေတာကြောင့် အီလက်ထရောနစ် အင်ဂျင်ထိန်းချုပ်မှု စနစ် ပုံမှန်မဟုတ်တာကို သိရှိခဲ့တာပါ" ဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ ဘန်နီ ဘူတာဘူတာက ပြောသည်။

ယင်းနောက် ပြုပြင်ဖယ်ရှားမှုများလုပ်ဆောင်ခဲ့ပြီး လေယာဉ်သည် ယင်းနေ့ နေ့လည်ပိုင်းက ဂျာကာတာသို့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်အဆိုပါ ပျားမှာ ဆက်လက်အသက် ရှင်နေခဲ့လားဆိုသည်ကို လေကြောင်းလိုင်းက ပြောကြားသွားခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly