တရုတ်အစိုးရက ဘာသာရေးအုပ်စုများကို ဖြိုခွဲရန် ပြင်ဆင်နေကြောင်း ထိုင်ဝမ်မီဒီယာ ဖော်ပြ

တရုတ်အစိုးရက ဘာသာရေးအုပ်စုများကို ဖြိုခွဲရန် ပြင်ဆင်နေကြောင်း ထိုင်ဝမ်မီဒီယာ ဖော်ပြ

တရုတ်အစိုးရက နို်ငငံအတွင်းရှိ ဘာသာရေးအုပ်စုများကို တင်းကျပ်စွာ ထိန်းချုပ်မှုများ လုပ်ဆောင်နေသလို တရုတ်ကွန်မြူနစ်ပါတီ ဘာသာရေးဆိုင်ရာ မူဝါဒကို ပြင်ဆင်ရန် တွန်းအားပေး လုပ်ဆောင်နေကြောင်း Taiwan News သတင်းဌာနက ဖော်ပြသည်။

တရုတ်နို်ငငံအတွက် ကိုက်ညီသည့် ဘာသာရေးကို အလေးထားတင်ပြခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားသုံးသပ်မှုများအများအပြားကို ပြင်ဆင်ထားသော တရုတ်ကွန်မြူနစ်ပါတီဝင်များ တက်ရောက်ခဲ့သည့် ၂ ရက်က စုံညီအစည်းအဝေးအား မြို့တော်ပေကျင်းတွင် ယခုလအစောပိုင်းက ကျင်းပခဲ့သည့်သတင်းကို China Christian Daily သတင်းစာက ဖော်ပြခဲ့သည်။

ဘာသာရေးအား ဆိုရှယ်လစ်အသိုင်းအဝိုင်းနှင့် ကိုက်ညီစေရန် ၎င်းတို့က အလေးထားဆွေးနွေးခဲ့ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိသည်။

နိုဝင်ဘာလအတွင်းကလည်း စီချွမ်မြို့တော် ဒေယန်းရပ်ကွက်ရှိ Early Rain Qingcaodi ဘုရားကျောင်းမှ ခရစ်ယာန်ဘာသာဝင်များကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ChinaAid သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဘုရားကျောင်းသည် Western China Reformed Presbytery အုပ်စုမှ အသင်းခွဲဖြစ်ပြီး တရုတ်အစိုးရက နှစ်ပေါင်းများစွာ ကြာမြင့်အောင် ဖိအားများနှင့် ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတွင်းမှ ခရစ်ယာန်ဘုရားကျောင်းများ လွတ်လပ်ခွင့်အတွက် တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်ရပ်ကို ဘုရားကျောင်း၏ အကြီးအကဲဟောင်းတစ်ဦးက ၂၀၁၈ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ပြဿနာများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အဆိုပါ ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့သည့် တရုတ်သင်းအုပ်ဆရာ ၄၀၀ ကျော်အနက် အများအပြားကို တရားစွဲခြင်း၊ ထောင်ချခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း Licas သတင်းတွင် ဖော်ပြထားသည်။

စီချွမ်အာဏာပိုင်များက ၂၀၂၁ ခုနှစ်၊ မတ်လတွင် Early Rain Qingcaodi ဘုရားကျောင်းကို တရားမဝင်အဖွဲ့အစည်းများစာရင်းသို့ ထည့်သွင်းခဲ့ပြီး ခေါင်းဆောင်များလည်း ဖမ်းဆီးခံထားရကာ ဘုရားကျောင်းကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နို်ငခြင်း မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly