အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လွတ်ငြိမ်းချမ်းသာခွင့်ရ 

အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေတဲ့ တောင်ကိုရီးယားသမ္မတဟောင်း လွတ်ငြိမ်းချမ်းသာခွင့်ရ 

ဒီဇင်ဘာ ၂၄

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးဟာ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံနေရတာမှာ အမျိုးသား စည်းလုံးညီညွတ်ရေး အကျိုးကိုမျှော်ပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း တရားရေးဝန်ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။ 

ပတ်ဂွန်ဟေးဟာ ၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပြီး နိုင်ငံတော်ရဲ့ ရင်သွေး၊ အကျင့်ပျက်ခြစားမှု ကင်းပြီး ကျေးဇူးခံ ကျေးဇူးစား မရှိသူအဖြစ် ရပ်တည်ခဲ့တာပါ။ 

ဒီနောက် လေးနှစ်တောင် မပြည့်တဲ့ အချိန်မှာပဲ ကြီးမားတဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော် ထွက်ပေါ်လာပြီးနောက်မှာ စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဖယ်ရှားခံရတာပဲ ဖြစ်ပါတယ်။ 

“အထူးလွတ်ငြိမ်းချမ်းသာခွင်” ရရှိသူတွေထဲ ခေါင်းဆောင်ဟောင်းလည်း ပါဝင်ပြီး “အမျိုးသား ညီညွတ်ရေး အကျိုးကို မျှော်ပြီး” လွတ်ငြိမ်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို တရားရေးဝန်ကြီး ပတ်ဘုံဟေးက ပြောပါတယ်။ 

အသက် ၆၉ နှစ်အရွယ် ပတ်ဂွန်ဟေးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ အာဏာအလွဲသုံးစားမှုတွေအတွက် ထောင်ဒဏ် နှစ် ၂၀ နဲ့ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ် ကျခံနေရတာပဲ ဖြစ်ပါတယ်။ 

အခုနှစ်ထဲမှာ သူဟာ ဆေးရုံ အကြိမ်ကြိမ် တက်ရောက်ရပြီး ယွန်ဟတ်သတင်းဌာနက ပတ်ဂွန်ဟေးရဲ့ ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့် ပေးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

ပတ်ဂွန်ဟေးနဲ့ နီးစပ်တဲ့ မိတ်ဆွေ ချွမ်ဆောင်းဆီတို့ဟာ ဆမ်းဆောင်အီလက်ထရောနစ် အပါအဝင် စီးပွားရေး လုပ်ငန်းစုတွေကို ဦးစားပေးဆက်ဆံပြီး အပြန်အလှန်အားဖြင့် ၎င်းတို့ထံကနေ လာဘ်လာဘတွေ ယူခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီအတွက် ပတ်ဂွန်ဟေးကို ပြည်သူများက မလိုမလား တုံ့ပြန်ကြပြီး သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီက မွန်ဂျေအင်းကို အာဏာလွှဲအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required