လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း တရုတ်ကွန်မြူနစ်ပါတီကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကို မမေ့ပါနှင့်

By Independent
21 December 2021
လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း တရုတ်ကွန်မြူနစ်ပါတီကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကို မမေ့ပါနှင့်

ကမ္ဘာပေါ်ရှိ လူသားတို့အတွက် တိုးတက်ပြောင်းလဲမှုများ ရှိရာတွင် တရုတ်နိုင်ငံ၏ နှစ်ပေါင်း ၄ ၀၀၀ ကျော် တိုးတက်ပြောင်းလဲမှုက မိမိတို့ အားလုံးကို များစွာအကျိုးပြုခဲ့သော်လည်း ယခုနှစ်တွင် စတင်ဖွဲ့စည်းမှု နှစ် ၁၀၀ ပြည့်ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သောအစိုးရတို့ မပါဝင်ကြောင်းတိဗက်နှင့် လူနည်းစုများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ (GATPM) ကို တည်ထောင်သူ ဆာရင်ပါဆန်က ပြောသည်။

အမှန်တွင် မိမိတို့အားလုံးသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် မကြုံစဖူးနာကျင်မှုနှင့် ဝေဒနာများကို တိုက်ရိုက် တွေ့ကြုံခံစားခဲ့ကြရသည်။ တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်၏ အရင်းအမြစ်နှင့်ပတ်သက်၍ အနည်းငယ် ပွင့်လင်းမြင်သာမှု ရှိခဲ့ပါက သေဆုံးမှု နည်းပါးနိုင်သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝှမ်း၌ ကိုဗစ်-၁၉ ကြောင့် လူ ၅ သန်းကျော် သေဆုံးပြီးဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် စတုတ္ထလှိုင်းနှင့် ပဉ္စမလှိုင်းများ အတွက် အသွားအလာကန့်သတ်ခြင်းများကို ကြေညာနေဆဲဖြစ်သည်။

တိဗက်နှင့် ရှင်ကျန်း (အရှေ့တာကစ္စတန်) တွင် CCP နှင့် ၎င်း၏ရက်စက်ကြမ်းကြုတ်သောအစိုးရသည် ဝီဂါမွတ်စလင်များနှင့် တိဗက်ဗုဒ္ဓဘာသာဝင်များအပေါ် သဘောထားတင်းမာသော မူဝါဒများကို အကောင်အထည်ဖော်နေဆဲဖြစ်သည်။

ပါတီ၏ မှတ်တမ်းများအရ တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် တည်ထောင်ခဲ့သည်။

ခေတ်သစ်သမိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသော မော်စီတုန်းသည် အကြွင်းမဲ့အာဏာကို ကျင့်သုံးခဲ့သည်။ သူ၏ သေစေလောက်သော မူဝါဒများသည် တရုတ်ပြည်မကြီးတွင်သာမက တိဗက်၊ အရှေ့တာကစ္စတန်နှင့် မွန်ဂိုလီးယားတောင်ပိုင်းတို့ပါဝင်သော တရုတ်သိမ်းပိုက်ထားသောနယ်မြေများတစ်လျှောက်တွင် လူများ၊ ဓလေ့ထုံးတမ်းများနှင့် အနုပညာလက်ရာများစသည့် အတိုင်းမသိသော ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၂ ခုနှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကြီးတစ်ခုတည်းကြောင့် လူပေါင်း သန်း ၂၀ ထက်မနည်း သေဆုံးခဲ့ရသည်။

မကြာသေးမီက မော်စီတုန်းနှင့်တန်းတူ သူ့ကိုယ်သူ နန်းတင်ခဲ့သော သမ္မတရှီကျင့်ဖျင်သည် ၂၁ ရာစု၏ ထိန်းမနိုင်ချုပ်မရသော နောက်ထပ် တရုတ်အာဏာရှင်တစ်ဦးဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်

အစီအစဉ်ဆိုသော ၎င်း၏ပြောစကားနှင့် ဆန့်ကျင်လျက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများရှိ ခါးပတ်လမ်း (BRI) စီမံကိန်းများမှတစ်ဆင့် ရှီကျင့်ဖျင်သည် ၎င်း၏ နယ်ချဲ့သော ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကို သိသိသာသာသာလုပ်ဆောင်လျက်ရှိသည်။

BRI စီမံကိန်းများ၏ နောက်ကွယ်တွင် ရှီ၏ နိုင်ငံရေးနှင့် စစ်ရေးရည်ရွယ်ချက်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်သောခြိမ်းခြောက်မှုကို ဖြစ်စေရန် အသင့်ရှိနေပုံပေါ်သည်။

လွတ်လပ်မှုနှင့်ဒီမိုကရေစီအတွက် ဆန့်ကျင်ဘက်ဖြစ်သော ကိုယ်ကျိုးစီးပွားရည်မှန်းချက်များကို ပံ့ပိုး ကူညီနိုင်ရေးအတွက် ယုံလွယ်သောခေါင်းဆောင်များကို လိမ်ညာလှည့်ဖြားရန် CCP က ၎င်း၏ စီးပွားရေးစွမ်းအားကိုအသုံးပြုနေခြင်းအားရန်တန့်သွားစေရန် လွတ်လပ်သောကမ္ဘာအနေဖြင့် တတ်နိုင်သမျှလုပ်ဆောင်ရမည်ဖြစ်သည်။ CCP နှင့် ၎င်း၏ လှည့်ဖြားကောက်ကျစ်သော ခေါင်းဆောင်များသည် လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း ဆာရင်ပါဆန်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly