အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သင်္ဘောများက တူနာငါးများကို တရားမဝင် ဖမ်းဆီးနေ

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်သင်္ဘောများက တူနာငါးများကို တရားမဝင် ဖမ်းဆီးနေ

အိန္ဒိယသမုဒ္ဒရာအတွင်း စည်းကမ်းနှင့် မညီသော လှုပ်ရှားမှုတစ်ခုဖြစ်သည့် တရုတ် ငါးဖမ်း သင်္ဘောများသည် တူနာငါးများကို ပိုက်ကွန်ကျယ်များအသုံးပြု၍ တရားမဝင်ငါးဖမ်းနေကြောင်း နော်ဝေ အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားရာတွင် ပင်လယ်ပြင်၌ အဏ္ဏဝါမျိုးစိတ်များ ကာကွယ်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမရှိခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကို အစီရင်ခံစာသစ်က အလေးထားဖော်ပြခဲ့သည်။

အဏ္ဏဝါမျိုးစိတ်များကို ဖမ်းဆီးခွင့်မပြုသော်လည်း ၂၀၁၆ခုနှစ်မှ စတင်၍ ဖမ်းဆီးမှု ၆ ဆ တိုးလာသည့် အိန္ဒိယသမုဒ္ဒရာပြင်ကျယ်တွင် တရုတ်ငါးဖမ်း သင်္ဘောများကို တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၁၅ရက်တွင် Trygg Mat Tracking (TMT)က ထုတ်ဝေသော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိုမန်နှင့် ယီမင်ကမ်းလွန်ပင်လယ်ပြင်တွင် ရွက်လွှင့်နေသော သင်္ဘောအများစုသည် တရုတ်နိုင်ငံအလံလွှင့် ထူထားပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင်သွားသင်္ဘောကြီးများဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် တရားမဝင်၊ အစီရင်မခံဘဲ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေကြောင်း စွပ်စွဲခံထားရသည်။

ယင်းကိစ္စမြင့်တက်လာခြင်း၏ နောက်ကွယ်တွင် ကြီးကြပ်မှုကင်းမဲ့ပြီး ဆယ်စုနှစ်နှင့်ချီကာ အလွန်အကျွံ ငါးဖမ်းမှုက တရုတ်နိုင်ငံ၏ ပင်လယ်ရပ်ခြားရေယာဉ်များကို တရားဝင်ရေယာဉ် အစင်းရေ ၃,ဝဝဝ ထိ အများဆုံးကန့်သတ်ထားရှိသော်လည်း တိုင်းပြည်ပြည်ပတွင် ယင်းထက် ထောင်နှင့်ချီပိုများနိုင်သည်ဟု ဆိုသည်။

နိုင်ငံတစ်နိုင်ငံ၏ ရေပိုင်နက်ထက် ကျော်လွန်၍ ငါးဖမ်းကွင်းများကို အတူတကွ ပူးပေါင်းစီမံခန့်ခွဲသည့် အခြား ဒေသများရှိ ပင်လယ်ပြင်များနှင့် မတူဘဲ အိန္ဒိယသမုဒ္ဒရာတွင် ပြည်ကြီးငါးဖမ်းဆီးမှုအတွက် ကြီးကြပ်ပေးသည့် အဖွဲ့အစည်း မရှိပေ။

သင်္ဘောခြေရာခံအချက်အလက်နှင့် Greenpeace International ၏ ပင်လယ်ပြင်စစ်တမ်းအပေါ်အခြေခံ၍ TMT သည် ပြည်ကြီးငါးသင်္ဘောများအားလုံးသည် ပိုက်ကွန်ကြီးများဖြင့် ငါးဖမ်းနေကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုပြီး ငါးမြှားချိတ်ဖြင့် ဖမ်းခြင်းထက် ပိုက်ကွန်ကြီးများဖြင့် ဖမ်းခြင်းက မရည်ရွယ်သည့် အခြားမျိုးစိတ်များကိုပါက ဖမ်းမိနိုင်သဖြင့် မျိုးစိတ်များအတွက် အန္တရယ်ရှိသော လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။

တရုတ်ရေယာဉ်များသည် ကမ္ဘာ့အခြားနေရာများတွင် တရားမဝင် လှုပ်ရှားမှုများ ရှိခဲ့ဖူးကြောင်းTMT မှ ထောက်ပြခဲ့ပြီး တရုတ်က ငါးဖမ်းခွင့်မရှိသော အိုမန်နှင့် ယီမင်နယ်နိမိတ်အနီးတွင် ငါးဖမ်းနေသည်ကိုလည်း ဂြိုဟ်တုမှလည်း တွေ့မြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly