ပေကျင်းအိုလံပစ်ပွဲတော်ကို ကနေဒါကလည်း သံတမန်ရေးအရ သပိတ်မှောက်မည်

By Aljazeera
21 December 2021
ပေကျင်းအိုလံပစ်ပွဲတော်ကို ကနေဒါကလည်း သံတမန်ရေးအရ သပိတ်မှောက်မည်

တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် လာမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ကနေဒါကလည်း အမေရိကန်၊ သြစတြေးလျကဲ့သို့ပင် သံတမန်ရေးအရ သပိတ်မှောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမည့် အားကစားပြိုင်ပွဲအတွက် ကနေဒါက တရားဝင် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည် မဟုတ်ကြောင်း ဒီဇင်ဘာ ၁၅ရက်က သတင်းထောက်များကို ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒေါ့က မြို့တော်အိုတာဝါတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် တရုတ်အနေဖြင့် အံ့အားသင့်မည်ဟု မထင်ကြောင်းလည်း ထရူးဒေါ့က ပြောကြား ခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာ ကတဲက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ပါတယ်၊ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် ကျွန်တော်တို့ရဲ့ နက်နဲတဲ့ စိုးရိမ်မှုတွေကို ဆက်လက် ဖော်ပြချက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ကနေဒါအားကစားသမားများသည် အိုလံပစ်ပွဲတော်တွင် ဆက်လက်ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ထရူးဒေါ့က ပြောကြား ခဲ့သည်။

အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရခြင်း အကြောင်းရင်းအဖြစ် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် မွတ်စလင် ဝီဂါများအပေါ် ပြုမူဆက်ဆံမှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့၏ ပြောကြားချက်ကို ကိုးကားခဲ့ပြီး သြစတြေးလျနှင့် အမေရိကန်တို့မှ အလားတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီးနောက် ယခုကနေဒါ၏ ပြောကြားချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

"အမေရိကန်သံတမန်ရေးအရ ဒါမှမဟုတ် တရားဝင်ကိုယ်စားပြုအဖွဲ့က ဒီအားကစားပွဲတော်တွေကို ပုံမှန် အတိုင်း စီးပွားရေးအဖြစ် သဘောထားနိုင်ပေမယ့် ကျွန်မတို့က ဒါကို ရိုးရိုးရှင်းရှင်းကိစ္စလို့ သဘောမထားနိုင်ပါဘူး" ဟု အိမ်ဖြူတော်မီဒီယာအတွင်းရေးမှူး ယန်ပီဆာကီက ယခုသီတင်းပတ်အစောပိုင်းတွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်ရေးရာ သပိတ်မှောက်မှုက ထိရောက်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သော်လည်း ကျိုးကြောင်း မဆီလျော်သည့် အားကစား သပိတ်မှောက်မှုများကို ဆန့်ကျင်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly