ဒလိုင်းလားမား နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိခြင်း ၃၂နှစ်မြောက် အထိမ်းအမှတ်အဖြစ် အဝေးရောက် တိဗက်အစိုးရ ဂုဏ်ပြု

ဒလိုင်းလားမား နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိခြင်း ၃၂နှစ်မြောက် အထိမ်းအမှတ်အဖြစ် အဝေးရောက် တိဗက်အစိုးရ ဂုဏ်ပြု

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်ခြေရှိ ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်ရှိ ဓမ္မရှာရ်လာမြို့တွင် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခြင်း ၃၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားအား အဝေးရောက်တိဗက်အစိုးရ၏ ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့ (CTA) က ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ရာ တိဗက်နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

“ဒီနေ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ တိဗက်လူမျိုးအားလုံးအတွက် အလွန်အရေးပါတဲ့ နေ့တစ်နေ့ပါ။ ဒလိုင်းလားမားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးအပ်ချီးမြှင့်တဲ့ ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်” ဟု အဝေးရောက်တိဗက်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တန်ဇင်လက်ရှေးက ပြောသည်။

"ကျွန်တော်တို့ တိဗက်လူမျိုးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒီနေ့ထူးနေ့မြတ်ကို ကျင်းပကြပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့အခါသမယမှာ တိဗက်မှာရှိတဲ့ တိဗက်လူမျိုးအားလုံးအတွက် ဆုတောင်းမှုတွေ လုပ်ဆောင်ကြပါတယ်” ဟု တန်ဇင်က ပြောကြားခဲ့သည်။

အခမ်းအနားအတွင်း CTA ဥက္ကဌပန်ပါဆာရင်နှင့် အဝေးရောက်တိဗက်ပါလီမန်ဥက္ကဋ္ဌ ဆိုနမ်တမ်ဖယ်တို့က မိန်းခွန်းပြောခဲ့ကြပြီးတိဗက်အနုပညာရှင်များကယဉ်ကျေးမှုရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly