ဂျမူးနှင့် ကက်ရှ်မီးယားတွင် အထူးအုပ်ချုပ်ပ်ခွင့်ရဥပဒေ ဖျက်သိမ်းပြီး ရင်းနှီးမြှပ်နှံရန် ကမ်းလှမ်းထားသည့် ပမာဏ ရူပီး ကုဋ ၃၁၀၀၀ ရှိနေ

ဂျမူးနှင့် ကက်ရှ်မီးယားတွင် အထူးအုပ်ချုပ်ပ်ခွင့်ရဥပဒေ ဖျက်သိမ်းပြီး ရင်းနှီးမြှပ်နှံရန် ကမ်းလှမ်းထားသည့် ပမာဏ ရူပီး ကုဋ ၃၁၀၀၀ ရှိနေ

အိန္ဒိယပြည်ထဲရေးဝန်ကြီး နစ်ယန်နန်းရိုင်က အထက်လွှတ်တော်၏ ပြည်နယ်များဆိုင်ရာ ကောင်စီ (Rajya Sabha ) သို့ ဒီဇင်ဘာ ၈ ရက် တင်ပြသည့် စာတွင် ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရအနေဖြင့် အထူးအုပ်ချုပ်ခွင့်ရဒေသအဆင့် သတ်မှတ်ထားသည့် ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးနောက် ရူပီး ၃၁၀၀၀ ကုဋေ ခန့် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု များ လာရောက်လုပ်ကိုင်ရန်အဆိုပြုချက်များ ရရှိထားကြောင်း ဖော်ပြထားသည်။

ဂျမူး၊ ကက်ရှ်မီးယားနှင့် လာဒက်ခ် ဒေသတို့တွင် ပုဒ်မ ၃၇၀ ဖျက်သိမ်းပြီးနောက် ပြည်ထောင်စုနယ်မြေသို့ ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများကို စွဲဆောင်နိုင်ခြင်း ရှိ၊မရှိအား လွှတ်တော်ကိုယ်စားလှယ် နာရာယန်းဒက်စ်ဂုပတား၏ မေးမြန်းမှုအပေါ် ရိုင်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ဖို့ စက်မှုကဏ္ဍဖွံ့ဖြိုးရေး ဗဟိုကော်မတီသစ်ကို အစိုးရက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကော်မတီကို ဂျမူးနှင့် ကက်ရှ်မီးယား စက်မှုကဏ္ဍမူဝါဒ၊ ဂျမူးနှင့် ကက်ရှ်မီးယား ပုဂ္ဂလိက စက်မှုနယ်မြေဖွံ့ဖြိုးရေးမူဝါဒနဲ့ ဂျမူးနှင့် ကက်ရှ်မီးယား စက်မှုမြေယာခွဲဝေရေးမူဝါဒတွေနဲ့ ပံ့ပိုးပြီး တိုးတက်မှုရအောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု ရိုင်က ပြေကြားသည်။

“ဒီလုပ်ဆောင်ချက်တွေကနေ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရရှိခဲ့ပြီး ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၃၁၀၀၀ ကုဋေ ခန့်အတွက် ကမ်းလှမ်းမှုတွေ ရရှိထားပါတယ်” ဟုလည်း ၎င်းက ပြောက အထက်လွှဝ်တော်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required