ကချင်ပြည်နယ်ကောင်စီက ခရစ္စမတ်ပွဲကို မနောအိမ်တော်တွင် ကျင်းပ

ကချင်ပြည်နယ်ကောင်စီက ခရစ္စမတ်ပွဲကို မနောအိမ်တော်တွင် ကျင်းပ

ဒီဇင်ဘာလ ၁၇ ရက်

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ခရစ္စမတ်ပွဲကို မြစ်ကြီးနားမြို့ရှိ မနော (မနောင်)အိမ်တော်တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ခရစ္စမတ်ဆုတောင်းပွဲကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကနေ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ ရိုးရာလူကြီးတစ်ဦးက ပြောသည်။

ဆုတောင်းပွဲကို ကချင်တိုင်းရင်းသားရေးရာမျိုးနွယ် ခြောက်စုမှ မျိုးနွယ်ကိုယ်စားပြု ရိုး ရာလူကြီးများနှင့်ရှမ်းတိုင်းရင်းသားရေးရာမှ ရိုးရာလူကြီးများကတက်ရောက်ခဲ့ကြသည်။

ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လည်း တက်ရောက်ခဲ့သည့်အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးက တပ်ရင်းတစ်ရင်းစာနီးပါး လုံခြုံရေးအစောင့်အရှောက်များနှင့်တက်ရောက်ခဲ့သည်ကိုလည်းတွေ့ရသည်။

ဆုတောင်းပွဲလုပ်နေသည့်အချိန်အတောအတွင်း စီတာပူရပ်ကွက်ရှိ မနောကွင်းအရှေ့နှင့် အနီးပတ်၀န်းကျင်က လမ်းများကို အသွားအလာကန့်သတ်မှုများပြုလုပ်ထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required