BREAKING NEWS: စစ်ကောင်စီတပ်အတွက် တရုတ်မှဝယ်ယူထားသော ဓာတုပစ္စည်းများအပါအဝင် စစ်လက်နက်ပစ္စည်းများ မကြာမီရောက်မည်

BREAKING NEWS: စစ်ကောင်စီတပ်အတွက် တရုတ်မှဝယ်ယူထားသော ဓာတုပစ္စည်းများအပါအဝင် စစ်လက်နက်ပစ္စည်းများ မကြာမီရောက်မည်

ဒီဇင်ဘာလ ၁၇ ရက်

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တရုတ်နိုင်ငံမှရောင်းချလိုက်သော ဓာတုပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းများသည် သီလဝါဆိပ်ကမ်းသို့ မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်စိတ်ချရသော စစ်ဘက်သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

တရုတ်နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းကော်ပိုရေးရှင်း နိုရင်ကို ကုမ္ပဏီမှ ဝယ်ယူထားခဲ့သော ဓာတုပစ္စည်းများ၊ ခဲယမ်းမီးကျောက်များ၊ စနက်တံများနှင့် ၎င်းတို့၏အစိတ်အပိုင်းများကို ကွန်တိန်နာ ၁၀ လုံးတွင်ထဲ့သွင်းလာသော သင်္ဘောသည် တရုတ်နိုင်ငံ ဒါလီယန်မြို့မှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထွက်ခွာခဲ့သည်ဟု စစ်ဘက်သတင်းရင်းမြစ်ကပြောသည်။

သီလဝါဆိပ်ကမ်းသို့ဆိုက်ရောက်လာလျှင် စစ်လက်နက်ပစ္စည်းများပါဝင်သောကွန်တိန်နာများ သယ်ဆောင်ရန် နေပြည်တော်ရှိ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး ကက (ဝယ်) သို့ ညွှန်ကြားထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly