မြောက်ဥက္ကလာ ကျောင်းနှင့် ဓမ္မာရုံများတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ

မြောက်ဥက္ကလာ ကျောင်းနှင့် ဓမ္မာရုံများတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်အတွင်းမှာရှိသည့် စာသင်ကျောင်းနှင့်ဓမ္မာရုံအချို့အတွင်းစစ်ကောင်စီတပ်များက ဝင်ရောက်နေရာယူတပ်စွဲထားမှုများ ပြုလုပ်လာခဲ့သည်ဟု ဒေသခံများကပြောသည်။ 

ယမန်နေ့နံနက်အစောပိုင်းက (ဌ) ရပ်ကွက်၊  ခွာညိုလမ်းမထိပ်ရှိ ဓမ္မဝိသုဒ္ဓိဓမ္မာရုံတွင် အပေါ်ထပ်တွင်၁၀ဦးခန့်ဝင်ရောက်ပြီးစခန်းချထားကြောင်း သိရှိရသည်။

" သူတို့တွေရောက်လာပြီးဓမ္မာရုံရဲ့တတိယထပ်မှာစခန်းချကြတယ်။  စစ်သား ၁၀ယောက်ဝန်းကျင်ခန့် ရှိမယ်၊အထုတ်အပိုးတွေနဲ့ စစ်ကားတစ်စီးကလာချသွားတာတွေ့ရတယ်။ ကြာမယ့်သဘောရှိတယ်။" ဟု ဒေသခံတစ်ဦးကပြောသည်။ 

ယခုရက်ပိုင်းအတွင်း မြောက်ဥက္ကလာမြို့နယ်အတွင်းရှိရပ်ကွက်များအတွင်းစစ်ကောင်စီတပ်များမှဧည့်စာရင်းစစ်ဆေးခြင်း၊လူငယ်များကိုဝင်ရောက်ဖမ်းဆီးခြင်းများညစဉ်ရက်ဆက်ပြုလုပ်နေကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly