အမေရိကန်မှာ COVID-19 ကြောင်း သေဆုံးသူ ၈၀၀၀၀၀ ကျော်၍ လွှတ်တော်၌ တဒင်္ဂ ငြိမ်သက် 

အမေရိကန်မှာ COVID-19 ကြောင်း သေဆုံးသူ ၈၀၀၀၀၀ ကျော်၍ လွှတ်တော်၌ တဒင်္ဂ ငြိမ်သက် 
Photo - AFP

ဒီဇင်ဘာလ ၁၅ ရက်

အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ရှစ်သိန်းကျော်အထိ ရှိလာခဲ့တာကြောင့် ဒီဇင်ဘာ ၁၄ ရက် အောက်လွှတ်တော်မှာ တဒင်္ဂ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ 

“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်အတွင်းက အမတ်တွေ၊ ရုံးဝန်ထမ်းတွေ အားလုံးကို တိုက်တွန်းပါတယ်၊ COVID-19 ကြောင့် ဆုံးပါးခဲ့ရတဲ့ အမေရိကန်ပြည်သူ ရှစ်သိန်းကျော်အတွက် ခေတ္တ ငြိမ်သက်ပေးကြပါ၊ သူတို့တွေ ငြိမ်းချမ်းစွာ အနားယူနိုင်စေကြောင်း ကျွန်မတို့ ဆုတောင်းပေးကြပါမယ်”ဆိုပြီး အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ နန်စီ ပီလိုစီက ပြောပါတယ်။ 

အမေရိကန်နိုင်ငံအနေနဲ့ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်းမှာ သေဆုံးနှုန်း အများဆုံးအဖြစ် လက်ရှိမှာ ရှစ်သိန်းကျော်ထက်မနည်း COVID-19 ကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ 

တနင်္လာနေ့အထိ နိုင်ငံအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှုဦးရေဟာ သန်း ၅၀ အထိ ရှိလာချိန်လည်း ဖြစ်ပါတယ်။ 

အခု သေဆုံးသူ အများစုဟာ ကာကွယ်ဆေး မထိုးနှံသူတွေနဲ့ အသက်ကြီးပိုင်းတွေက အများစုဖြစ်တယ်လို့ သိရပြီး၂၀၂၀ ကထက် ၂၀၂၁ နှစ်မှာ သေဆုံးနှုန်း ပိုများတာလည်း ဖြစ်ပါတယ်။ 

အမေရိကန်အနေနဲ့ တပ်လှန့်စရာ နှု်နးထားရှိတဲ့ သေဆုံးသူ မြင့်တက်မှုနှုန်းကိုလည်း တစ်ဖန်ပြန်ပြီး ပြန်လည်သုံးသပ်နေရပြီပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် ၁၁ ပတ်အတွင်းမှာ သေဆုံးနှုန်းက အနည်းဆုံး တစ်သိန်းကျော် ရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီက သေဆုံးနှုန်း မြင့်တက်ချိန်ကလွဲလို့ ကျန်အလားတူ ကာလတွေမှာ သေဆုံးမှုနှုန်း အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ 

“ကူးစက်ပြီး ဖျားနာမှုဖြစ်တဲ့ နှု်နးထားက လူဦးရေနှုန်းထားအဆင့် ကိုယ်ခံစွမ်းရည် ရှိလာတဲ့အထိ ဆက်ပြီး မြင့်တက်နေဖို့ ရှိတယ်၊ ခုထိတော့ လူဦးရေနှုန်းထားအဆင့် ကိုယ်ခံစွမ်းရည် ရှိတဲ့အထိတော့ ဖြစ်မလာသေးဘူး”လို့ ဂျွန်ဟော့ကင်း ဘရွန်းဘတ်ချ် ကျောင်းက ရောဂါပိုးမွှားပညာရှင် ဒေါက်တာ ကီရီ အယ်လ်သော့ဖ်က ပြောပါတယ်။ 

အခုလို သေဆုံးသူ ရှစ်သိန်းကျော် ရှိလာတဲ့ အချိန်ဟာ COVID-19 ကြောင့် အမေရိကန်မှာ ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပြီး ရက်ပေါင်း ၆၅၀ ရက် အကျော်မှာပဲ ဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly