ရှီကျင့်ဖျင်၏ခေတ်သစ်အတွက် တရုတ်တွင် အတိတကာလများ မှေးမှိန်လာ

By The HK Post
14 December 2021
ရှီကျင့်ဖျင်၏ခေတ်သစ်အတွက် တရုတ်တွင် အတိတကာလများ မှေးမှိန်လာ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ရှီကျင့်ဖျင်အတွေးအခေါ်အား တရုတ်နိုင်ငံ၏ အနာဂတ်လမ်းစဉ်ကိုထိန်းကျောင်းရန် တစ်ခုတည်းသော တရားဝင် ကြိုတင်တွက်ချက်ထားသည့် ကိန်းသေဇယားအဖြစ် အကောင်အထည်ဖော်ရန်အလို့ငှာ နိုင်ငံ၏ အတိတ်ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာကြိုးပမ်းချက်များကို ဖျောက်ဖျက်ရန် လုပ်ဆောင်လျက်ရှိသည်။

ယခုနှစ် နိုဝင်ဘာက ကျင်းပသော ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ၏ ၆ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် ချမှတ်ခဲ့သော သန္နိဋ္ဌာန်ကို အသေးစိတ်ဖတ်ရှုကြည့်ပါက CCP သည် ၎င်း၏ ခံယူချက်၊ ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ ကွန်မြူနစ်ဗဟိုချက်အဖြစ် သမ္မတရှီကျင့်ဖျင် အခြေခိုင်ရေးကို ဦးလှည့်နေကြောင်း တွေ့ရှိရသည်။

စုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို "လွန်ခဲ့သည့်ရာစုနှစ်များအတွင်း ပါတီ၏ အဓိကအောင်မြင်မှုများနှင့် သမိုင်းဝင်အတွေ့အကြုံများဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်" ဟုခေါ်ဆိုသည်။

ဆုံးဖြတ်ချက်တွင် “ခေတ်သစ်” ဟုခေါ်သော “ရှီခေတ်”သည် တစ်ခုတည်းသော အရေးပါသည့်အရာအဖြစ် ဖော်ပြထားသည်။

“ရဲဘော် ရှီကျင့်ဖျင်သည် ခေတ်သစ်တွင် ပါတီနှင့်တိုင်းပြည်၏ အရေးနှင့်စပ်လျဉ်းသည့် အဓိကကျသောသီအိုရီနှင့် လက်တွေ့ကျသောပြဿနာများစွာကို အသေးစိတ်အကဲဖြတ်ကာ လေးလေးနက်နက်စဉ်းစားခြင်းဖြင့် ‘တရုတ်ဝိသေသလက္ခဏာများပါရှိသည့် မည်သို့သော ဆိုရှယ်လစ်စနစ်ကို ထောက်ခံမြှင့်တင်သင့်သည်၊ မည်သို့သော ခေတ်မီဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်သင့်သည်၊ ရေရှည်အုပ်ချုပ်ရေးကိုကျင့်သုံးသည့် မည်သို့သော မာ့ခ်စ်ဝါဒီပါတီမျိုးကို တည်ထောင်သင့်သည်နှင့် ဤလုပ်ငန်းဆောင်တာများ အောင်မြင်ရန် မည်သို့ လုပ်ဆောင်သင့်သည်’ ဟူသော ကျွန်ုပ်တို့ခေတ်၏ အဓိကပြဿနာများကို မဏ္ဍိုင်ပြုလျက် ခေတ်သစ်တွင် အမျိုးသားအုပ်ချုပ်မှုဆိုင်ရာ မူလအယူအဆသစ်များ၊ အတွေးအမြင်များနှင့် မဟာဗျူဟာများကို ချမှတ်ထားသည်” ဟု ဖော်ပြထားသည်။

၎င်းသည် တရုတ်နိုင်ငံတွင် ယခင်က ကျင့်သုံးခဲ့သည့် မာ့ခ်စ်ဝါဒကို လမ်းခွဲနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ “ထို့ကြောင့် ရှီကျင့်ဖျင်သည် ခေတ်သစ်တစ်ခုအတွက် တရုတ်ဝိသေသလက္ခဏာများနှင့်ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်အတွေးအခေါ်ကို တည်ထောင်သူဖြစ်သည်။ ဤသည်မှာ ခေတ်ပြိုင်တရုတ်နှင့် ၂၁ ရာစု၏ မာ့စ်ဝါဒဖြစ်သည်” ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ကာလရှည်ကြာ မဖြေရှင်းနိုင်သော ယခင် ပြဿနာများကို အန္တရာယ်များနှင့် စိန်ခေါ်မှုအသစ်များအဖြစ် ပြီးခဲ့သော ခေတ်များကို အပြစ်ဖို့ထားသည်။ “စည်းကမ်းလျော့ရဲပြီး အားနည်းတဲ့ အရင်အုပ်ချုပ်မှုစနစ်ကြောင့် ပါတီအတွင်းမှာ အရေးယူဖို့ပျက်ကွက်ပြီး အဂတိလိုက်စားမှုတွေ ပျံ့နှံ့သွားပါတယ်။ ဒါက ပါတီနဲ့ပြည်သူ၊ ပြည်သူနဲ့တာဝန်ရှိသူတွေအကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပြီး ပါတီရဲ့ ဖန်တီးနိုင်စွမ်း၊ စည်းလုံးညီညွတ်မှုနဲ့ စွမ်းရည်ကို အားနည်းသွားစေခဲ့သလို အမျိုးသားအုပ်ချုပ်ရေးကို ကျင့်သုံးဖို့အတွက် လေးနက်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ရှီခေတ် ပါတီအလုပ်သမား၏ တစ်ခုတည်းသောတာဝန်မှာ တိုင်းပြည်၏ အခြေခံအကျဆုံး အကျိုးစီးပွားများကို သတိချပ်ရန်ဖြစ်ပြီး ၎င်းအတွက် ပါတီအပေါ် သစ္စာရှိရန်၊ အမိန့်ကိုနာခံရန်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် ဖြစ်သည်ဟုလည်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ပါတီကျင့်ဝတ်ကို တင်းတင်းကျပ်ကျပ် မလိုက်နာပါက ပါတီဝင်များနှင့် တာဝန်ရှိသူများက မည်သို့မည်ပုံ ဖြစ်မည်ကိုလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly