စစ်သုံးရိုင်ဖယ် AK-203 အလက် ၅ သိန်းကို ဥတာပရာဒေ့ရှ်တွင် ထုတ်ခွင့်ပြုရန် အိန္ဒိယအစိုးရ သဘောတူ

စစ်သုံးရိုင်ဖယ် AK-203 အလက် ၅ သိန်းကို ဥတာပရာဒေ့ရှ်တွင် ထုတ်ခွင့်ပြုရန် အိန္ဒိယအစိုးရ သဘောတူ

စစ်သုံးရိုင်ဖယ် AK-203 အလက် ၅ သိန်းကို ဥတာပရောဒေ့ရှ်ပြည်နယ်၊ အာမေသီခရိုင်ရှိ ကော်ဝါမြို့၌ ထုတ်လုပ်ခွင့်ကို အိန္ဒိယဗဟိုအစိုးရက ခွင့်ပြုလိုက်ခြင်းသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတွင် မိမိကိုယ်ကို မှီခိုမှုအား အားပေးမှုတစ်ရပ် ဖြစ်စေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဥတာပရောဒေ့ရှ်သည့် အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် အဓိကနေရာတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

ယခုကဲ့သို့ ရိုင်ဖယ်များ ထုတ်လုပ်မည့် အစီအစဉ်သည် ကာကွယ်ရေးပစ္စည်းများ ပြည်ပမှ ဝယ်ယူရာမှ ပြည်တွင်း၌ ထုတ်လုပ်မှုကို တိုးမြှင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သောကြောင့်

နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ကုန်ကြမ်းပစ္စည်းများနှင့် အစိတ်အပိုင်းများ ရောင်းချခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သော ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အခြားကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ယခုအစီအစဉ်သည် စီးပွားရေးအခွင့်အလမ်းများကို ရရှိစေနိုင်မည်ဟုလည်း ၎င်းတို့က ပြောကြားသည်။

ယခုထုတ်လုပ်မည့် 7.62 X 39mm ကယ်လီဘာ AK-203 ရိုင်ဖယ်များအား လွန်ခဲ့သော နှစ် ၃၀ ကျော်မှစ၍ အသုံးပြုနေသော INSAS ရိုင်ဖယ်များနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။

မီတာ ၃၀၀ အကွာအဝေးကို ထိရောက်စွာ ပစ်ခတ်နို်ငသည့် AK-203 စစ်သုံး ရိုင်ဖယ်များသည် အလေးချိန်ပေါ့ပါးကာ ပစ်အားကောင်းမွန်၍ လက်ရှိအချိန်အနေများဖြင့် ကိုက်ညီကာ စစ်သားများ၏ တိုက်ခိုက်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်သော ခေတ်မီနည်းပညာဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly