အိန္ဒိယ၏ စိုက်ပျိုးရေး ပို့ကုန်ပမာဏ ဧပြီ-နိုဝင်ဘာ ကာလအတွင်း ၁၃ ရာခိုင်နှုန်း မြင့်တက်

အိန္ဒိယ၏ စိုက်ပျိုးရေး ပို့ကုန်ပမာဏ ဧပြီ-နိုဝင်ဘာ ကာလအတွင်း ၁၃ ရာခိုင်နှုန်း မြင့်တက်

အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြုပြင်ထားသည့် အစားအသောက်များ ပြည်ပသို့ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်၏ ဧပြီ-နိုဝင်ဘာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၆ ဘီလျံရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဆန်တင်ပို့မှုမှ ရငွေသည် အဆိုပါကာလအတွင်း ဒေါ်လာ ၅ ဒသမ ၉၃ ဘီလျံရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ်၏ အလားတူကာလမှ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံထက် ၁၁ ရာခိုင်နှုန်းများပြားခဲ့သည်။

ယခုဘဏ္ဍာနှစ်၏ ၈ လအတွင်း အသား၊ နို့ထွက်နှင့် ကြက်သားထွက်ကုန်တွင် ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၂ ဒသမ ၆၆ ဘီလျံရရှိခဲ့သည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုတွင်လည်း ၁၂ ရာခိုင်နှုန်းမြင့်တက်ကာ ဒေါ်လာ ၁ ဒသမ ၇၂ ဘီလျံရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly