တြိပူရပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဓာတ်အားရောင်းချရေး သဘောတူစာချုပ် သက်တမ်းတိုး

တြိပူရပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဓာတ်အားရောင်းချရေး သဘောတူစာချုပ် သက်တမ်းတိုး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ တြိပူရပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (TSCEL) နှင့် ဘင်္ဂလားဒေ့ရှ် စွမ်းအင်ဖွံ့ဖြိုးရေးအဖွဲ့ (BPDB) တို့အကြား ဓာတ်အား ရောင်းချရေးဆိုင်ရာ စာချုပ်သက်တမ်းအား ၂၀၂၆ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးလိုက်သည်။

“အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အား ဓာတ်အားရောင်းချရေးကို နှစ်ဘက်သဘောတူညီသည့် ဈေးနှုန်း၊ နည်းလမ်းတို့ဖြင့် ရောင်းချရန် ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၁ ရက်က သဘောတူညီခဲ့ကြသည်။ ဓာတ်အားများကို တြိပူရ ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (TSCEL) က ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချရာတွင် သဘောတူညီချက်သည် ယခုနှစ် မတ်လအတွင်း သက်တမ်းကုန်ဆုံးပြီး ဖြစ်သည်။

မြို့တော်ဒါကာတွင် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်က နှစ်နိုင်ငံအကြား စွမ်အင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းအဖွဲ့/ ပူးပေါင်း ဦးဆောင်ကော်မတီ၏ ၁၉ ကြိမ်မြောက် အစည်းအဝေးတွင် အခွန်ကောက်ခံမှု၊ သတ်မှတ်ချက်များ၊ စာချုပ်သက်တမ်းနှင့် ရောင်းချမည့် စွမ်းအင်ပမာဏတို့နှင့် ပတ်သက်၍ စာချုပ်ကို သက်တမ်းတိုးရန် သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly