ကိုဗစ်-၁၉ မျိုးကွဲ Omicron မကူးစက်အောင် သတိထားနေထိုင်ကြရန် ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပြည်သူများကို သတိပေး

ကိုဗစ်-၁၉ မျိုးကွဲ Omicron မကူးစက်အောင် သတိထားနေထိုင်ကြရန် ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပြည်သူများကို သတိပေး

ကိုဗစ်-၁၉ မျိုးကွဲ Omicron သည် စိုးရိမ်စရာကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထား သောကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ကာကွယ်ထိန်းချုပ်မှုများ လုပ်ဆောင်ရန် ဒုတိယအုပ်ချုပ်ရေးမှူး မနော့ဂျ်ဆင်ဟာက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်ခဲ့သည်။

ဂရုတစိုက် စစ်ဆေးမှုများ၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ရောဂါဖြစ်ပွားမှုများသည့် နေရာများတွင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားသည်။ RT-PCR စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ကြရန်နှင့် သတိထားနေထိုင်ကြရန် လည်း ၎င်းက ကျန်းမာရေးအရာရှိများနှင့် ပြည်သူများကို လမ်းညွှန်ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား စနစ်တကျ ရောဂါစစ်ဆေးရန်နှင့် ကိုဗစ်ရောထိန်းချုပ်ရေး ပညာပေးအစီအစဉ်များကို အရှိန်မြှင့်တင် ဆောင်ရွက်ကြရနလည်း ၎င်းက သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်ခဲ့သည်။ ရောဂါကာကွယ်ရေး စည်းကမ်းမလိုက်နာသူများအား ဒဏ်ကြေးငွေများ ချမှတ်ရန်လည်း ရဲတပ်ဖွဲ့အကြီးအကဲများကို ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required