အကြီးတန်းသံတမန် ဗီနေး ကူးမားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် ခန့်အပ်

ဒီဇင်ဘာလ ၁၁ ရက်

အိန္ဒိယ နိုင်ငံခြားရေးဌာန တာဝန်ရှိသူနှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ သံတမန်ဟောင်းတစ်ဦးဖြစ်သည့် ဗီနေး ကူးမား Vinay Kumar အား လာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် အမည်စာရင်း ရွေးချယ်ခန့်အပ်သည်။

လက်ရှိ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွဲဖက် အတွင်းဝန်ဖြစ်သူ ကူးမားအနေဖြင့် ခန့်အပ်လွှာကို မကြာမီ ရယူမည်ဟု တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအား လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Saurabh Kumar နေရာတွင် အစားထိုး တာဝန်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေဆိုး ကြုံနေသည်ကို အိန္ဒိယအနေဖြင့် ရင်ဆိုင်ကိုင်တွယ်နေရစဉ် ယခု ကူးမားအား ခန့်အပ်လာခြင်းလည်း ဖြစ်သည်။

မြန်မာ့ အာဏာသိမ်းမှုက အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များကိုပါ ဂယက်ရိုက်လျက် ရှိနေသည်။

အိန္ဒိယ နည်းပညာသက်မွေးမှုကြောင်း Kharagpur မှ ဘွဲ့ရတစ်ဦးဖြစ်သော ကူးမားသည် ကဘူးလ်၌ ၂၀၁၈-၂၀၂၀ အတွင်း အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယမစ်ရှင်တို့၌ ပူးတွဲအတွင်းဝန်အဖြစ်ပါ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

သူသည် Gautam Mukhopadhyay ကဲ့သို့ပင် အာဖဂန်နစ္စတန်၌ တာဝန်ထမ်းပြီးနောက် မြန်မာတွင် ဆက်လက်တာဝန်ထမ်းရသည့် ဒုတိယမြောက် နိုင်ငံခြားရေးဌာန တာဝန်ရှိသူလည်းပဲ ဖြစ်သည်။

မြန်မာနိုင်ငံ၌ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် တင်းမာမှုများ မြင့်တက်ခြင်းတို့အတွက် အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းရေး ကြိုးစားအားထုတ်မှုများကို ဆက်လက်ထောက်ပံ့သွားမည်ဟုလည်း ပြောဆိုထားသည်။အိန္ဒိယ နိုင်ငံခြားရေးဌာန

တာဝန်ရှိသူနှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ သံတမန်ဟောင်းတစ်ဦးဖြစ်သည့် ဗီနေး ကူးမား Vinay Kumar အား လာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် အမည်စာရင်း ရွေးချယ်ခန့်အပ်သည်။

လက်ရှိ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွဲဖက် အတွင်းဝန်ဖြစ်သူ ကူးမားအနေဖြင့် ခန့်အပ်လွှာကို မကြာမီ ရယူမည်ဟု တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအား လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Saurabh Kumar နေရာတွင် အစားထိုး တာဝန်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေဆိုး ကြုံနေသည်ကို အိန္ဒိယအနေဖြင့် ရင်ဆိုင်ကိုင်တွယ်နေရစဉ် ယခု ကူးမားအား ခန့်အပ်လာခြင်းလည်း ဖြစ်သည်။

မြန်မာ့ အာဏာသိမ်းမှုက အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များကိုပါ ဂယက်ရိုက်လျက် ရှိနေသည်။

အိန္ဒိယ နည်းပညာသက်မွေးမှုကြောင်း Kharagpur မှ ဘွဲ့ရတစ်ဦးဖြစ်သော ကူးမားသည် ကဘူးလ်၌ ၂၀၁၈-၂၀၂၀ အတွင်း အိန္ဒိယ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယမစ်ရှင်တို့၌ ပူးတွဲအတွင်းဝန်အဖြစ်ပါ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

သူသည် Gautam Mukhopadhyay ကဲ့သို့ပင် အာဖဂန်နစ္စတန်၌ တာဝန်ထမ်းပြီးနောက် မြန်မာတွင် ဆက်လက်တာဝန်ထမ်းရသည့် ဒုတိယမြောက် နိုင်ငံခြားရေးဌာန တာဝန်ရှိသူလည်းပဲ ဖြစ်သည်။

မြန်မာနိုင်ငံ၌ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် တင်းမာမှုများ မြင့်တက်ခြင်းတို့အတွက် အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။ စစ်အာဏာသိမ်းမှုနောက် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းရေး ကြိုးစားအားထုတ်မှုများကို ဆက်လက်ထောက်ပံ့သွားမည်ဟုလည်း ပြောဆိုထားသည်။
 
နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required