ပါကစ္စတန်၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ် သေဆုံး၍ ဆန္ဒပြမှုများ ဖြစ်ပေါ်

By India Blooms
11 December 2021
ပါကစ္စတန်၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ် သေဆုံး၍ ဆန္ဒပြမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုတစ်ခုအတွင်း အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ပစ်သတ်ခံခဲ့ရပြီးနောက် ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ၎င်း၏ ဆွေမျိုးများက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြကြောင်း ဒီဇင်ဘာ ၇ ရက် သတင်းဖော်ပြချက်များအရ သိရသည်။

ကရာချိမြို့၏ အိုရန်ဂီ-၅ ဧရိယာတွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဥ်တွင် အာဆယ်လန် မက်ဆက်ဒ် အမည်ရ လူငယ်ကို ရဲက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ သူငယ်ချင်းတစ်ဦးလည်း ကျည်ထိ ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု Geo News က ဖော်ပြသည်။

ထိုဖြစ်စဥ်ဖြစ်ပြီးနောက် အာဆယ်လန်၏ ဆွေမျိုးများက အဘာစီ ရှာဟိဒ် ဆေးရုံသို့ ရောက်ရှိခဲ့ကြပြီး အာဆယ်လန်အတွက် တရားမျှတမှု ရရှိရေး တောင်းဆိုဆန္ဒပြမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

"အာဆယ်လန်ဆီကနေ ဘာလက်နက်မှ ရှာမတွေ့ခဲ့ပါဘူး၊ ရဲတွေက ဒီအတိုင်း အယောင်ဆောင် ထိပ်တိုက်တွေ့မှုအတွင်း သူ့ကို သတ်ပစ်ခဲ့တာပါ"ဟု ပူဆွေးသောကရောက်နေကြသည့် မိသားစုဝင်များက Geo News ကို ပြောသည်။

ရဲတပ်ဖွဲ့က အစောပိုင်းက ပြောကြားရာတွင် ၎င်းတို့သည် မတ်တတ်ရပ်စုဖွဲ့ဆန္ဒပြမှုနေရာတစ်ခု၌ ဆိုင်ကယ်တစ်စီး စီးလာသည့် အမျိုးသားနှစ်ဦးကို ရပ်တန့်ခိုင်းခဲ့သည်ဟု ပြောခဲ့ကြောင်း Geo News က ဖော်ပြသည်။

ယင်းနောက် အမျိုးသားနှစ်ယောက်က ရပ်မပေးဘဲ ပစ်ခတ်မှုများ လုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သံသယရှိသူများအနက် တစ်ဦး သေဆုံးပြီး ၎င်း၏ အဖော်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရဲများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly