သထုံမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ၅ ခု မဟာမိတ်အဖြစ် ပူးပေါင်း

သထုံမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ၅ ခု မဟာမိတ်အဖြစ် ပူးပေါင်း

ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် လှုပ်ရှားနေသည့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ငါးခု မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း အဆိုပါအဖွဲ့များက ယနေ့ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

သထုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့ (Thaton)၊ သထုံပြည်သူ့ပြောက်ကျားများ (Thaton People's Guerillas)၊ Thaton People Defense Force (TPDF)၊ Thaton Defence Organization (TDO) နှင့် မွန်- သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ (MTHSF) တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

“အဓိက ကတော့ တော်လှန်ရေး အရှိန်ဟုန်မြှင့်တင်ဖို့ မဟာမိတ်ဖွဲ့လိုက်တာ ဖြစ်ပါတယ်” ဟု မွန်- သထုံအထူး ကာကွယ်ရေးတပ်ဖွဲ့ (MTHSF) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခု မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သော သထုံအခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ ငါးခုသည် စစ်အာဏာရှင်အား အပြီးသတ် ချေမှုန်း တိုက်ထုတ်မည်ဖြစ်ကြောင်းနှင့် NUG အစိုးရ၏ လမ်းညွှန်မှု၊ KNU တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး လှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required