ဆော်ဒီတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်အား သေဒဏ်ပေးလိုက်၍ ဆန္ဒပြမှုများ ပေါ်ပေါက်

ဆော်ဒီတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်အား သေဒဏ်ပေးလိုက်၍ ဆန္ဒပြမှုများ ပေါ်ပေါက်

ရီယာ့ဒ်၊ ဇန်နဝါရီ ၃ ။              ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ထင်ရှားအရေးပါသည့် ရှီယိုက်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာအား သေဒဏ်ပေးလိုက်ခြင်းကြောင့် ရှီယိုက်အသိုက်အဝန်းအတွင်း စိတ်ဆိုးဒေါသများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

ဆွန်နီဦးဆောင်သည့် ဆော်ဒီနိုင်ငံအပေါ် ယင်းသေဒဏ်စီရင်ခြင်းနှင့် ပတ်သက်ပြီး ဒေသတွင်းပြိုင်ဖက်နိုင်ငံဖြစ်သည့် ရှီယိုက်ဦးဆောင်သည့် အီရန်နိုင်ငံကလည်း ပြစ်တင်ပြောကြားလိုက်သည်။

ရှီယိုက်အများစုရှိရာ အရှေ့ပိုင်းပြည်နယ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခြင်းဖြစ်သည်။

ရှိတ်နီမာသည် ၂၀၁၁ ခုနှစ်အတွင်းက ပြည်နယ်အတွင်းဖြစ်ပွားသည့် ဆန္ဒပြမှုအများအပြားတွင် အားပေးပြောဟောခဲ့သူတစ်ဦးဖြစ်သည်။

ဆော်ဒီအာရေဗျတွင် လူနည်းစု ရှီယိုက်များအပေါ် ကန့်သတ်ခွဲခြားဆန့်ကျင်မှုများအား ရှိတ်နီမာက မရွံ့မတွန့်ထုတ်ဖော်ပြောဆိုလျက်ရှိသူဖြစ်ကာ ရှီယိုက်အသိုက်အဝန်းကြား အရေးပါသည့် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

အကြမ်းဖက်မှုပြစ်ဒဏ်ဖြင့် ဇန်နဝါရီ ၂ ရက်နေ့က လူပေါင်း ၄၇ ဦးအား သေဒဏ်စီရင်ခဲ့ရာတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

အီရန်မှလာသည့် အတည်မပြုနိုင်သေးသော သတင်းများတွင် ရှိတ်နီမာအား သေဒဏ်ပေးလိုက်ခြင်းကြောင့် ဇန်နဝါရီ ၃ ရက် နံနက်အစောပိုင်း၌ အီရန်မြို့တော် တီဟီရန်ရှိ ဆော်ဒီသံရုံးအား ဆန္ဒပြသူများက တိုက်ခိုက်ကြကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly