အိန္ဒိယတွင် နိုဝင်ဘာ လကုန်အထိ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၁၂၃ ကုဋေကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အိန္ဒိယတွင် နိုဝင်ဘာ လကုန်အထိ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၁၂၃ ကုဋေကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ အရေအတွက်သည် နိုဝင်ဘာလကုန်တွင် ၁၂၃ ကုဋေကျော်သွားပြီ ဖြစ်ကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

နိုင်ငံအနှံ့ကာကွယ်ဆေးထိုးအစီအစဉ်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ပထမအဆင့် စတင်ထိုးနှံပေးခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများကို ဖေဖော်ဝါရီ ၂ ရက်က စတင်ထိုးပေးခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့် နောက်တစ်ဆင့်ကို မတ်လ ၁ ရက်တွင် အသက် ၆၀ အရွယ်နှင့်အထက် များကိုလည်းကောင်း၊ နာတာရှည်ရောဂ တစ်ခုခုရှိနေသူ အသက် ၄၅ နှစ်နှင့်အထက်များကိုလည်း ထိုးပေးခဲ့သည်။

အသက် ၄၅ နှစ်နှင့် အထက်ပြည်သူများအားလုံးကို ဧပြီ ၁ ရက်တွင် စတင်ထိုးပေးခဲ့သည်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းကို ကာကွယ်ဆေးထိုးသည့် အစီအစဉ်အား မေ ၁ ရက်တွင် တိုးချဲ့ လုပ်ကိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly