အဆိုတော် Natalie Cole ကွယ်လွန်

အဆိုတော် Natalie Cole ကွယ်လွန်

Unforgettable သီချင်းဖြင့် လူသိများခဲ့သော အဆိုတော် Natalie Cole မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်ကာ နှလုံး ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဂရမ်မီဆုရှင် Natalie Cole မှာ လော့စ်အင်ဂျလိစ် ရှိ ဆေးရုံတစ်ရုံတွင် ကြာသပတေး ညက ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုတော်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အေပီသတင်းဌာန ကို ပြောကြားခဲ့သည်။

Natalie Cole အား R&B အဆိုတော်အဖြစ် လူသိများကာ This Will Be သီချင်းဖြင့် နာမည် ကျော်ကြားခဲ့သူ ဖြစ်သည်။ သူသည် မူးယစ်ဆေးဝါးစွဲမှှု ပြဿနာနှင့်လည်း ရင်ဆိုင်ခဲ့ရကာ အသည်း ရောင်ရောဂါကိုလည်း ယခင်က ရခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်ကလည်း ကျောက်ကပ် အစားထိုးကုသမှှု ခံယူခဲ့ရသူ ဖြစ်သည်။

Natalie Cole ၏ ဖခင်ဖြစ်သူ အဆိုတော် Nat "King" Cole ကွယ်လွန်အပြီး ၂၅ နှစ်ကျော်ကြာ ကာလဖြစ်သည့် ၁၉၉၁ ခုနှစ်တွင် Natalie Cole ၏ အသံတွင် ဖခင်ဖြစ်သူ၏ အသံအား ပြန်လည်ကူး ယူ ရောစပ်၍ Unforgettable တေးအယ်လ်ဘမ်ကို ဖန်တီးခဲ့ရာ ထိုအယ်လ်ဘမ်မှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂရမ်မီဆု ခြောက်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly